ကျွန်တော်စဥ်းစားကြည့်တယ်။
Relationship နဲ့ ပတ်သက်လာရင်
လီကွမ်းယူတို့လို ငယ်ချစ်တွေနဲ့
သေတဖန်သက်တစ်ဆုံးသွားတဲ့သူတွေရှိသလို
Tony Robbins တို့လို ကလေးသုံးယောက်
အမေကို ငယ်ဘဝမှာ ယူခဲ့ပြီး
နောက် divorce လုပ်ပြီး
Sage Robbins နဲ့ ပြန်ယူပြီး
ဘဝကို သာသာယာယာဖြတ်သန်းတာရှိသလို
Eben Pagan လို့ ဝါသနာတူတဲ့သူကို
Burning Man လိုပွဲမှာတွေ့ပြီး
career တူတူ သွားတာရှိတယ်။
Tim Ferriss တို့လို girlfriend ရှိပြီး
အိမ်ထောင်မပြုတဲ့သူတွေရှိသလို
Tai Lopez တို့လို အလုပ်လုပ်မယ်။
ကဲမယ် ဆိုတဲ့သူတွေရှိတယ်။
Neil Strauss တို့လို PUA မှာ
ဆရာကျ လွန်းပြီးနောက်
ဘဝကို အခြေကျတဲ့သူတွေလဲရှိတယ်။
Social structure ကြီးကို တည်ဆောက်ဖို့
Monogamy က အကောင်းဆုံးနည်းလို့
ဆိုရမှာဖြစ်ပြီး ဒါကို
religion တွေနဲ့ အစိုးရက အားပေးတယ်။
တကယ်တမ်း statistics တွေကို
လေ့လာကြည့်ရင် ထသွားမှကျိုးမှန်းသိဆိုတဲ့
ကိန်းဂဏန်းတွေ ကိုတွေ့လိမ့်မယ်။
တခါတလေ ကိုယ့်ဘဝကို
ဘယ်လိုနေမလဲဆိုတာ အရေးကြီးတယ်။
ချထားတဲ့ စနစ်ကြီးထဲမှာ
အဓိပ္ပာယ်မရှိတဲ့ rule တချို့ကို
follow လုပ်စရာမလိုတာမျိုး
သေချာလေ့လာလေလေ သတိထားမိလာလေလေ
ဖြစ်လာတတ်တယ်။
Relationship က အရေးအရမ်းကြီးတယ်။
Relationship ကနေ Relationsh*t မဖြစ်ဖို့
ပိုအရေးကြီးတတ်တယ်။
ရွေးချယ်မှုပြုလုပ်တဲ့အခါ
Algorithm to live by ထဲကလို
algorithm အရေးကြီးတယ်။
ဥာဏ်ရည်အရမ်းကွာလို့မရဘူး။
ငွေကြေးပိုင်ဆိုင်မှု အရမ်းကွာလို့မရဘူး။
Social အပေါင်းအသင်းအရမ်းကွာလို့မရဘူး။
Decision-making အရမ်းမြန်လို့မရဘူး။
စိတ်ညစ်နေတဲ့အချိန် ပြဿနာကို
ကျော်လွှားဖို့ လက်မထပ်နဲ့။
ပျော်နေတဲ့အချိန် အမှန်ကိုအမှန်
မမြင်နိုင်သေးတဲ့အချိန် လက်မထပ်နဲ့။
အဲ့လိုစဉ်းစားမိတယ်။
Phyo Paing @ Derek