တောင်ပေါ်မြို့လေးမှာ ဘဝကို
အေးဆေးဖြတ်သန်းဖို့ စဉ်းစားဖူးတယ်။
တကယ်သွားနေတော့
တစ်ပတ်တောင် မနေနိုင်တာတွေ့ရတယ်။
ဘဝမှာ ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။
အကောင်းဆုံးနည်းလမ်းက
trial period တစ်ခုပေးပြီး စမ်းတာပဲ။
တစ်ဘဝစာအတွက် ဆုံးဖြတ်ချက်ကို
ခဏတာပဲရှိတဲ့ data ပေါ်မှာ
မူတည်ပြီးချလိုက်ရင်
ရေရှည်မှာ ဝေဒနာပေါ်မယ်။
Phyo Paing @ Derek