Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

“ဘဝမှာ ဖြစ်ချင်ပြီး
မဖြစ်သေးတဲ့ အရာရှိသလား?”

ဒီမေးခွန်းမေးကြည့်။
လူအများစုက ပြုံးပြီး
တချို့က သက်ပျင်းချပြီး
သူ့အိမ်မက်တွေ အကြောင်းပြောလိမ့်မယ်။

မြန်မာပြည်ရဲ့ ပျမ်းမျှ သက်တမ်းက
67.36 နှစ်ရှိတယ်။
24586 ရက်။
တကယ်လို့ ကိုယ်ကအသက်သုံးဆယ်ဆို
10950 ရက်သုံးပြီးသွားပြီ။

ဘဝဆိုတာ တကယ့်ကို တိုတိုလေး။
ကိုယ့်အတွက် မလိုတဲ့အရာတွေကို
ဖက်တွယ်ထားနေတာဟာ
ကိုယ့်ကို next level ရောက်ဖို့
ကူညီပေးနိုင်မှာ မဟုတ်ဘူး။

ကိုယ့်ဘဝမှာ မရောက်ဖူးတဲ့
နေရာတွေရှိရင်ရှိမယ်။
အကောင်အထည်ဖော်ချင်တဲ့
အလုပ်တွေရှိရင်ရှိမယ်။

ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ်
ကတိပေးခဲ့တဲ့ လုပ်မယ်ဆိုတဲ့
အိမ်မက် dream list တွေရှိမယ်။

ဒါတွေ ဖြစ်လာဖို့က
ဆုတောင်းနေရုံနဲ့ မရဘူး။

စဥ်းစားကြည့်ကြည့် ကိုယ်သွားချင်တဲ့
နေရာတွေ မသွားဖူးပဲ
TV ထဲမှာပဲ မြင်ဖူးပြီးသေသွားမှာလား။

ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့
အရာတွေကို ချရေးထားတဲ့ dream list လိုတယ်။
ဒါက ကိုယ့်ဘဝသွားရမည့် လမ်းပဲ။

Phyo Paing @ Derek

Share Your Idea!​