သင်္ချာပုစ္ဆာတစ်ပုဒ်လိုပဲ
ပေးထားချက်ကိုမှ သေချာ
မတွေ့ရှိ နားမလည်မှတော့
အဖြေကလဲ ဝေးနေမှာပဲ။
ပေးထားချက် မမှန်မှတော့
ငါတွက်နည်းမှန်တယ်၊
နင့်တွက်နည်းမှန်တယ်ဆိုတာ
အလကားပဲ။
အရှိကို အရှိအတိုင်းအနီးစပ်ဆုံး
မြင်နိုင်ဖို့ အတ္တတွေ
ဘေးဖယ်ထားဖို့ လိုတယ်။
ကိုယ့်ယုံကြည်မှု၊
တွေးခေါ်ကြံဆမှုတွေကို
ဘေးမှာ ခဏချပြီး
မျက်စိဖွင့်၊ နားစွင့်ကြည့်ဖို့လိုတယ်။
ပြဿာနာ အဖြေရှာဖို့လိုတယ်။
ငါလိုချင်တာဘာလဲပြန်မေးကြည့်။
ဒါကို ရဖို့ နည်းလမ်းတွေစဥ်းစားကြည့်။
နည်းလမ်းတိုင်းရဲ့ အောင်မြင်နိုင်ခြေကို
အရှိအရှိအတိုင်း ဓမ္မဓိဋ္ဌာန်ကျကျ
သုံးသပ်ကြည့်။
အောင်မြင်နိုင်ခြေအရှိဆုံး
နည်းလမ်းကို ရွေးရမှာပဲ။
Phyo Paing @ Derek