2011 – ကိုယ်မုန်းတဲ့အလုပ်တွေလုပ်ပြီး
ကိုယ့်ကိုကိုယ် မညင်းဆဲနဲ့တော့။
2012 – လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။
2013 – လူတစ်ယောက် အပြောင်းအလဲဖြစ်ဖို့
လပိုင်းပဲလိုတယ်။
2014 – ငယ်တုန်းရွယ်တုန်း ဘဝမှာ
အရမ်းအဆင်ပြေပြီး စိန်ခေါ်မှုမရှိရင်
တစ်ခုခုမှားနေပြီ။
2015 – လူတွေနောက်မလိုက်နဲ့၊
အိမ်မက်တွေနောက်လိုက်ပါ။
2016 – ပထမဆုံးအောင်မြင်မှုရဖို့ အခက်ဆုံးပဲ။
လမ်းကြောင်းပေါ်ရောက်ရင် အရှိန်ရသွားလိမ့်မယ်။
2017 – လူတွေကို မျက်နှာဖုံးတွေကိုဖယ်ပြီး
ကြည့်တတ်ဖို့လိုတယ်။
တစ်ဘဝစာဆုံးဖြတ်ချက်ကို ရက်ပိုင်းနဲ့
မဆုံးဖြတ်နဲ့။
2018 – ကိုယ်နဲ့ပေါင်းတဲ့အပေါင်းအသင်းတွေက
ကိုယ့်ဘဝကို အဆုံးအဖြတ်ပေးတယ်။
2019 – ပြင်လို့မရတဲ့အရာတွေကို လွတ်ချခဲ့တော့။
နည်းပညာနဲ့ ချဲ့လို့လွယ်တဲ့ လုပ်ငန်းတွေလုပ်။
2020 – ကိုယ်စိတ်ကူးထားတဲ့ dream list တွေကို
မြန်မြန် အကောင်အထည်ဖော်၊ ဘယ်အချိန်သေမယ်
မသိနိုင်ဘူး။
အဆိုးဆုံးအခြေအနေမှာ အခွင့်အလမ်းရှာ။
အဆိုးတွေရဲ့နောက်မှာ အခွင့်အလမ်းတွေရှိတယ်။
2021 – သောက်တလွဲတွေကို ကြိုမျှော်လင့်ထား။
တစ်ခုခုကို အကောင်အထည်ဖော်ဖို့
အခြေခံအယူအဆတွေကို ပြန်ဆန်းစစ်။
လိုချင်တာရဖို့ SCAR ကိုကျင့်သုံး။
System + Coaching + Action = Result
2022 – ကိုယ်ယုံကြည်တာကို စိတ်ရှည်ရှည်ထားလုပ်။
အကောင်းဆုံးတွေရဲ့ ဆုံမှတ်က တစ်ရက်
လာကိုလာလိမ့်မယ်။
Phyo Paing @ Derek