Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အလုပ်လုပ်တာနဲ့ အလုပ်ပြီးတာမတူဘူး

Activity နဲ့ Work done နဲ့ မရောမိဖို့လိုတယ်။

လူအများစုက အလုပ်တော့လုပ်နေကြတယ်။
အလုပ်က မပြီးဘူး။

ဒီထက်ပိုအရေးကြီးတာ
ကိုယ်လုပ်နေတဲ့အလုပ်က
တကယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်
ဟုတ်မဟုတ်သိဖို့ပဲ။

မယောင်ရာဆီလူးနေရင်
ပင်ပန်းတာပဲ အဖတ်တင်တယ်။
ဒါကြောင့် busyness နဲ့ business ကို
သိရမယ်။

ကုန်ပစ္စည်းပို့ဆောင်ပေးတဲ့
FedExကိုစတုန်းက
Frederick W. Smith ဖဒရစ် စမစ်က
ဒီနေ့ပို့ မနက်ဖြန်ရောက်တဲ့ စနစ်
Overnight delivery ကိုလုပ်ချင်တယ်။
ဝန်ထမ်းတွေက ကုန်ပစ္စည်းတွေ
ကုန်တင်ကုန်ချလုပ်ဖို့ သတ်မှတ်ထားတဲ့
အချိန်အတွင်းမှာ အလုပ်လုပ်တာ
အရမ်းနှေးတာကို တွေ့ရတယ်။
ဒါနဲ့ ဘယ်အချိန်လာပြီး
ဘယ်အချိန်ပြန်ရမယ်ဆိုတဲ့
အချိန်သတ်မှတ်မှုအစား၊
ဒီအလုပ်တွေစောစောပြီး
စောစောပြန်လုပ်လိုက်တော့
ညတွင်းချင်းပို့ပေးတဲ့ overnight delivery
စနစ်က အောင်မြင်သွားတယ်။

တစ်ရက်တစ်ရက် ကိုယ်လုပ်နေတဲ့
အလုပ်က လုပ်ဖို့လိုလားပြန်မေးဖို့လိုတယ်။
လုပ်ဖို့လိုရင် ကိုယ်လုပ်နေတဲ့အလုပ်ကို
ဒီထွက်ပိုလွယ်အောင်၊ မြန်အောင်၊
ထိရောက်အောင်၊ နောက်ပိုင်း
ကိုယ်တိုင်လုပ်စရာမလိုတော့အောင်
ဘယ်လို လုပ်ရမလဲ အမြဲပြန်မေးကြည့်ဖို့
လိုတယ်။

Phyo Paing @ Derek

Share Your Idea!​