အသိ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေ၊
စီးပွါးရေးပါတနာ တစ်ယောက်နဲ့တစ်ယောက်
ရင်းနှီးမှု အတိုင်းအတာမတူသလို
ဝင်ပါလို့ရတဲ့ စည်းမတူဘူး။
ဒါကို နားလည်ဖို့လိုတယ်။
ကျွန်တော်တို့ ယဉ်ကျေးမှုမှာ
စေတနာဆိုတဲ့စကားနဲ့
ကိုယ်နဲ့မဆိုင် ဝင်ပါချင်ကြတာ
သတိထားရမည့် အပိုင်းပဲ။
Personal, Professional နဲ့ Business ကို
မရောမိဖို့လိုတယ်။
ကိုယ့်စည်းနဲ့ ကိုယ်ပဲ။
သူများပိုက်ဆံယူပြီးရင်
Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်။
စိတ်ပါတာ မပါတာ အရေးမကြီးဘူး။
ကိုယ့်စည်း ကိုယ်စောင့်ဖို့အရေးကြီးတယ်။
ℙ𝕙𝕪𝕠 Paing @ Derek