ကိုယ်နဲ့သိတဲ့လူတွေကတော့
ကိုယ့်ကြောင့် အကျိုးမယုတ်စေရဘူး
ဆိုတဲ့ ယုံကြည်မှုကတော့
ငယ်ငယ်ကတည်းက ရှိတယ်။
ကိုယ်ဖန်တီးထားတဲ့အရာတွေက
ကိုယ်သေသွားလဲ ဆက်ရှိနေရမယ်။
ပီမိုးနင်းတို့၊ ဆရာကြီးရွှေဥဒေါင်းတို့၊
Jim Rohn တို့တွေကြည့်ကြည့်
ဘယ်လောက်မိုက်လဲ။
သေသွားလဲ သူတို့အတွေးအခေါ်တွေ
ရှင်ကျန်နေတယ်။
ကိုယ်တိုင်ကလဲ စက်ရုပ်တစ်ခုပဲ။
ကိုယ့်ကိုကိုယ် program လုပ်နေရတယ်။
ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်၊
အမူအကျင့်တွေက
ခေါင်းထဲထည့်တဲ့ အတွေးတွေက
ဖြစ်လာတာဖြစ်တဲ့အတွက်
အတွေးတွေက ရေရေလည်လည် အရေးကြီးတယ်။
Phyo Paing @ Derek