သိန်းတစ်ထောင်ကို နှစ်ထောင်
တစ်သောင်းကို
နှစ်သောင်းပွားနိုင်ပြီး
မြန်မြန်ပွားနိုင်တဲ့ ကျွမ်းကျင်မှုရှိလေလေ
ပိုကောင်းလေလေပဲ။
ဒီလိုလုပ်ဖို့ တခြားသူတွေရဲ့
အချိန်နဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်ဖို့လိုတယ်။
ဒီအဆင့်ကျွမ်းကျင်သွားရင်
တခြားသူတွေရဲ့ ငွေကိုပါပွားပေးပြီး
ရာခိုင်နှုန်းယူလို့ရပြီ။
ဒါကြောင့် Other People’s Time,
Other People’s Experience,
Other People’s Money ကို
အသုံးချနိုင်ဖို့ စီမံခန့်ခွဲမှုတို့၊
မားကတ်တင်းတို့၊ မဟာဗျူဟာတို့
လေ့လာခဲ့တာပဲ။
ခုထိသင်ယူနေတုန်း။
စီမံခန့်ခွဲမှုဆိုတာ ဒိုရေမီဖာလိုပဲ။
အခြေခံကျတဲ့ သင်ခန်းစာသင်ပြီး
စီမံခန့်ခွဲတဲ့ စွမ်းရည်ကတော့
ကိုယ်နဲ့ပဲ ဆိုင်တယ်။
တရုတ်နယ်မြို့လေးက supermarket
လည်ပတ်ပုံကြည့်လိမ့်ရင်
ဒီကောင်တွေရဲ့ စွမ်းဆောင်ရည်
ဘယ်လောက်တိုးတက်လာလဲတွေ့လိမ့်မယ်။
အလောင်းအစားလုပ်တာတောင်
ဒိုင်ပဲနောက်ဆုံးနိုင်တာ
ဒါကလဲ စီမံခန့်ခွဲမှုနဲ့ statistics ပဲ။
ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ် အားတီ၊ အားမေတို့။
Phyo Paing @ Derek