Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပျော်ရွင်တဲ့ အိမ်ထောင်ရေးမှာ

သုတေသနတွေအရ
အိမ်ထောင်ရေးမှာ ဆယ်ယောက်မှာ
သုံးယောက်ပျော်ရွင်ကြပြီး
သူတို့မှာ အဓိကတွေ့ရတဲ့အချက်သုံးချက်ရှိတယ်။
ပထမတစ်ချက်က အသေးစိတ်ဂရုစိုက်တာတဲ့။
Conscientious နဲ့တဲ့။

အချိန်ကြာလာလေ လူတွေက
ကျင့်သားရလေဖြစ်တတ်ကြပြီး
ဒီ အသေးစိတ်ဂရုစိုက်တတ်တာက
အချစ်ရေးမှာ စတွေ့တဲ့အချိန်မှာပဲ
ဖြစ်တတ်ကြပြီး ကြာလေပျောက်လေ
ဖြစ်တတ်ကြတယ်။

ဒီအချက်ရှိရင် ကျေးဇူးတင်စိတ်ကို
ဖော်ပြတဲ့ show of gratitude ဖြစ်လာပြီး
ပိုအဆင်ပြေတဲ့ အိမ်ထောင်ရေးတွေမှာတွေ့ရတယ်တဲ့။

နောက်တစ်ဆင့်ကတော့
ဒေါသကြီးတာ။ စိတ်ကြီးတာ။
အညှိုးထားတတ်တာ။
တစ်ခုခုဆို ကလဲ့စားခြေချင်တာ။
စိုးရိမ်စိတ်များတတ်ပြီး လူတွေကိုမယုံတာ။
ဒီ neurotic personality trait နည်းတာတဲ့။
တစ်နည်းပြောရရင် စိတ်ငြိမ်တာ။
Emotional stability ရှိတာ။

နောက်တစ်ချက်က
သဘောတူလိုက်လျောညီထွေနေတတ်မှု
Agreeableness တဲ့။

OCEAN လို့ခေါ်တဲ့
ကိုယ်ရည်ကိုယ်သွေး ငါးခု
Big 5 personality ကို ကြားဖူးလိမ့်မယ်။​

မြန်လာလိုဆို ဒီလိုပြောလို့ရမလားမသိဘူး။
Openness ပွင်းလင်းမှု
Conscientiousness အသေးစိတ်ဂရုစိုက်
Extraversion ဖော်ရွေ၊ အပြင်စွဲ
Agreeableness သဘောတူလိုက်လျောညီထွေနေတတ်မှု
Neuroticism စိုးရိမ်တတ်၊ အသေးစိတ်အကဲဖြတ်တတ်မှုတဲ့။

ပျော်ရွင်တဲ့ အိမ်ထောင်ရေးမှာ
ဒီ personality trait ကိုယ်ရည်ကိုယ်သွေးသုံးခုတွေ့ရတယ်တဲ့။

Phyo Paing @ Derek

Share Your Idea!​