ကလေးပျက်ကျသွားတဲ့ လူတစ်ယောက်က
miscarriage ဖြစ်တာကို ယူကြုံးမရဖြစ်တဲ့
psycho ဝင်ပြီး ဆေးခန်းတွေပြ
ဆေးတွေ သောက်နေရတတ်တယ်။
ဒါက သူ့အတွေးကြောင့်ဖြစ်တတ်တယ်။
ငါ့မမွေးသေးတဲ့သားလေး၊ သမီးလေး
အမေ့ကြောင့်ဆို ယူကြုံးမရဖြစ်ရင်ဖြစ်မယ်။
ဒါမှမဟုတ် ကိုယ့်ယောကျာ်းကို
အားနာစိတ်ကြောင့်ဝမ်းနည်းတာဖြစ်ရင်ဖြစ်မယ်။
တကယ်လို့ အဲ့ဒီကလေးလေးကသာ
ကိုယ်လက်အင်္ဂါမစုံပဲ ဒုက္ခိတအနေနဲ့မမွေးခဲ့တာ
ဥာဏ်ရည်မမီဖြစ်တဲ့ကလေးလေးအနေနဲ့
မမွေးခဲ့တာ သူ့အတွက် ပိုကောင်းပါတယ်လေလို့
reframe စဥ်းစားပုံပြောင်းလိုက်တာနဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းသွားနိုင်တယ်။
ဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းတာကို
Logotherapy ဆိုပြီး Dr. Viktor Frankr က
တည်ထွင်ခဲ့တယ်။
ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်။
လူတွေသာ ကွန်ပြူတာတွေဖြစ်မယ်ဆို
သူတို့အတွေးတွေက code ကုတ်တွေအဖြစ်
အဆက်မပြတ် run နေတယ်။
တချို့အချိန်တွေမှာ အမှားတွေဖြစ်
error တက်တဲ့အခါ ရှေ့မဆက်နိုင်ပဲ
တိုင်ပတ် looping လည်နေတတ်တယ်။
အဲ့အချိန်မှာ အတွေးအခေါ်တစ်ခုက
ဒီ looping အတွေးတိုင်ပတ်နေတာကို
ဖြေရှင်းပေးလိုက်နိုင်တဲ့အခါ
အလင်းပွင့်သွားတာမျိုးဖြစ်တတ်တယ်။
ဘဝမှာ တိုင်ပတ်မှုအပေါင်း သရဖူမဆောင်းဖို့
ကိုယ့်ရဲ့အတွေး code တွေကို
ကိုယ်တိုင် fix လုပ်နိုင်ဖို့လိုတယ်။
Phyo Paing @ Derek