အဲ့အချိန် Life and Business Coach တွေ
ပျောက်သွားလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့
AI က ပိုကောင်းတဲ့ မေးခွန်းတွေမေးတတ်လာမယ်။
ဘာပြီးဘာမေးမယ်ဆိုတာ
လူထက် ပိုကောင်းလာလိမ့်မယ်။
Affective AI ကလဲ နောက်ဆယ်နှစ်ဆို
ဒီထက်အများကြီးပိုကောင်းလာမှာဖြစ်တဲ့အတွက်
လူတွေရဲ့ စိတ်ခံစားမှုကို
လူတွေထက် ပိုနားလည်လာနိုင်မယ်။
နှစ်သိမ့်ဆွေးနွေးတဲ့သူတွေ
counseling ကတော့ ကျန်နေအုံးမယ်။
ဘာကြောင့်လဲဆိုတော့ လူတွေရဲ့
ခံစားချက်ကို ခံစားပေးတတ်တဲ့အတွက်
အနာဂတ် အလုပ်အကိုင်နာမည်က
Empathizers ဆိုပြီးဖြစ်လာမယ်တဲ့။
အဲ့တော့ Coach တွေက ဘာတွေလုပ်လို့ရမလဲ။
Knowledge Engineer တွေဖြစ်လာမယ်။
ကိုယ်လုပ်နေတဲ့ coaching နဲ့ ပတ်သက်တဲ့
အသိပညာ၊ အတတ်ပညာ၊ ဒေတာ၊
အတွေ့အကြုံတွေကို
model တည်ဆောက်ပြီး
စနစ်ကျ structure ကျအောင်
AI ကို သင်ကြားပြသ train ပေးရမယ်။
အဲ့အခါ ကိုယ့် clients ရဲ့ ပြဿနာကို
ကိုယ်မလိုပဲ ကိုယ့် AI က
ဖြေရှင်းပေးသွားလိမ့်မယ်။
The future of the professions ဖတ်ပြီး
စိတ်ကူးကြည့်ကြည့်မိတာ။
နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီး
Philosophy နဲ့ Sociology တွေလေ့လာပြီး
အနာဂတ်ကို ခန့်မှန်းထားတဲ့စာအုပ်။
Phyo Paing @ Derek