ကိုယ်စီထားတဲ့ ဝှက်ဖဲတွေက
ကိုယ့်ဘဝကို တစ်ဆင့်တစ်ဆင့်
တက်တက်သွားစေနိုင်တယ်။
ဆေးကျောင်းတက်ရင်း
ဖုန်းဆော့ဝဲတွေလုပ်ပေးတော့
ကျောင်းတက်ရင်းမှာသာမက
ကျောင်းပြီးတော့လဲ
ရပ်တည်ဖို့အတွက် ငွေရှာပေးတယ်။
ဆေးကုမ္ပဏီလုပ်ရင်း
အချိန်ပိုင်းစာသင်တော့
အလုပ်ထွက်တဲ့အခါ
သင်တန်းကျောင်းစတင်လို့ရတယ်။
သင်တန်းကျောင်းသင်နေရင်း
ရန်ကုန်သွားလိုက်၊ မန္တလေးသွားလိုက်
ရက်တို training ပေးတော့
teaching ကနေ training ပိုင်းပြောင်းလို့ရတယ်။
ရက်တိုသင်တန်းပေးနေရင်း
နည်းပညာကုန်ပစ္စည်တွေ ပြင်ဆင်တော့
Covid-19 ဖြစ်တဲ့အခါ
ပေါက်ကွဲမှုအားကောင်းတဲ့
online learning app လုပ်လို့ရလာတယ်။
Online Course တွေလုပ်နေရင်း
Coaching တွေတဖက်ကလုပ်ရင်း
နာရီပေါင်း ၃၀၀၀ ကျော်ရင်း
လုပ်ငန်းရှင်တွေ အတွက်လိုအပ်တဲ့
စနစ်တွေ ဖန်တီးပေးခွင့်ရတယ်။
ဒီ Coaching လုပ်နေရင်း
စနစ်တွေဖန်တီးတဲ့ နည်းပညာလုပ်ရင်း
Akyanpay လုပ်လို့ရလာတယ်။
အကြံပေးလုပ်ရင်း
တဖက်က နည်းပညာ၊ ကျောင်းနဲ့
after-school program သင်တန်းတွေမှာ
investment လုပ်တဲ့ firm မှာပါဝင်လုပ်ရင်း
ဘာတွေ ဆက်ဖြစ်မလဲ ကိုယ်လဲသေချာမသိဘူး။
သေချာတာတစ်ခုကတော့
ဖဲတစ်ချက်တည်းနဲ့ မရဘူး။
အနာဂတ်အတွက် ဝှက်ဖဲတစ်ချက်
အနည်းဆုံးလိုတယ်။
Phyo Paing @ Derek