Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ဘဝကိုကိုယ် ၅၀% တာဝန်ယူပါ။

ကျန်တဲ့ ၅၀ % ကို
ကံတရားကိုပဲ
အဆုံးအဖြတ်ပေးခိုင်းကြည့်ပါ။

ကိုယ်တာဝန်ယူတဲ့ ၅၀% က
ဘယ်အရာကို
ဘယ်အချိန်မှာ
ဘယ်လိုအာရုံစိုက်ပြီး
အကောင်းဆုံးလုပ်မလဲဆိုပြီးလုပ်တာ။

ကျန်တဲ့ ၅၀% ကတော့
ကံတရားကပေးတဲ့ မက်ဆေ့ကို
လိုက်နာတာ။

Coca Cola က
ဆေးကုမ္ပဏီတစ်ခုအနေနဲ့စတင်ခဲ့တာပဲ။
ကံတရားက ကမ္ဘာ့အကြီးဆုံး
အချိုရေကုမ္ပဏီဖြစ်သွားစေတယ်။

Tiffany &a Co. က စာရေးကိရိယာတွေ
ရောင်းတဲ့ Stationary Store လုပ်တယ်။
စိန်တိုက်ကြီးဖြစ်သွားတယ်။

Raytheon Company က ရေခဲသေတ္တာရောင်းတဲ့
အလုပ်လုပ်ရင်း
စစ်နဲ့ ကာကွယ်ရေးလက်နက်တွေထုတ်တဲ့
ကုမ္ပဏီဖြစ်သွားတယ်။

ကိုယ့်ဘဝကို ၅၀% တာဝန်ယူပါ။
၅၀% ကို ကံတရားကိုဆုံးဖြတ်ခိုင်းကြည့်ကြည့်ပါ။

အပြောင်းအလဲလုပ်ရတဲ့အချိန်
ခေါင်းသိပ်မာမနေနဲ့လို့ပဲ ပြောရမယ်။

ဒါကို တချို့သူတွေပဲနားလည်မယ်ထင်တယ်။

Phyo Paing @ Derek

Share Your Idea!​