တချို့ အရမ်းနာမည်ကြီး အောင်မြင်တယ်ဆိုတဲ့
အဆိုတော်တွေ၊ Kpop Star တွေ
ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေကြလဲ။
အောင်မြင်မှုလို့ပြောတဲ့အခါ
ကိုယ်လိုချင်တာရရင် အောင်မြင်မှုလို့
အလွယ်သတ်မှတ်လို့ရပါတယ်။
လူတွေလိုချင်တာ ကိုယ်ရနေရင်လဲ
လူအများစုက ကိုယ့်ကိုအောင်မြင်တယ်လို့
သတ်မှတ်ကြပါတယ်။
ကိုယ်လိုချင်တာရတာ
ကိုယ်ရေးကိုယ်တာအောင်မြင်မှု
Private Victory ဖြစ်ပြီး
လူအများစုလိုချင်တာ
ကိုယ်ရနေတာ
အသိုင်းအဝိုင်းက သတ်မှတ်တဲ့
အောင်မြင်မှု Public Victory ဖြစ်ပါတယ်။
တချို့လူတွေက
ကိုယ်ရေးကိုယ်တာလဲ မအောင်မြင်ဘူး၊
အသိုင်းအဝိုင်းသတ်မှတ်တဲ့ အောင်မြင်မှုလဲမရှိဘူး။
တချို့လူတွေက
လူတွေရဲ့အထင်အမြင်ကို အသားပေးလွန်းအားကြီးတော့
ကိုယ့်ရဲ့အိမ်မက်တွေ၊ ရင်တွင်းကလာတဲ့
စကားသံတွေကို လျစ်လျူရှုပြီး
မိဘဖြစ်စေချင်တာ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက
ဖြစ်စေချင်တာတွေ လုပ်တဲ့အခါ
အသိုင်းအဝိုင်းရဲ့ သတ်မှတ်တဲ့အောင်မြင်မှုရပြီး
ကိုယ်ရေးကိုယ်တာ အောင်မြင်မှုမရှိကြဘူး။
အားတီအားမေတို့။
တချို့က ကိုယ်တိုင်ဖြစ်ချင်တာဖြစ်အောင်လုပ်တယ်။
လူအများစုကလဲ သူ့ကိုအားကျကြတယ်။
ဒါကို ပတ်ဝန်းကျင်က တကယ့်အောင်မြင်မှုလို့
သတ်မှတ်ကြတယ်။
နောက်တစ်ဆင့်အောင်မြင်မှုကတော့
ဆန္ဒတွေ မရှိတော့တဲ့ အောင်မြင်မှုပေါ့။
Desirelessness is wisdom ဆိုမျိုးပေါ့။
ဗုဒ္ဓဟောကြားချက်အရဆို
တပ်မက်မှု တဏှာတွေ မရှိတော့တာပေါ့။
ကိုယ်က ဘယ်အောင်မြင်မှုကို
သွားနေတာလဲ သေချာသိိဖို့တော့လိုတယ်
အားတီ၊ အားမေတို့။
Phyo Paing @ Derek