Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝ ဥပဒေသ သုံးခု

၁။ အရှူံးကို သတ်မှတ်ထားပါ။

လောင်းကစားလုပ်တဲ့အခါ
ကျွန်တော့်ရဲ့ ပထမဆုံး
ဥပဒေသက limit your loss
ဘယ် casino သွားသွား
ငါဘယ်လောက်ရှုံးရင် ပြန်မယ်
ဒီ စိတ်နဲ့ အမြဲသွားတယ်။
မဟုတ်ရင် Marina Bay Sands Casino မှာ
ကိုယ့်ကိုကိုယ် မသတ်သေအောင်
ပညာပေးစာတွေ ဘယ်ကပ်မလဲ။

ဘဝဆိုတာ Casino လိုပဲ။
ဘဝကို အရှင်ပြန်ထွက်သွားလို့ မရဘူး။
ဒါကြောင့် ဘဝမှာ ဘယ်လောက်ထိ
အရှုံးခံမလဲဆိုတဲ့ စိတ်က
ဘဝအတွက်၊ အလုပ်အတွက်၊
စီးပွါးရေးလုပ်ငန်းအတွက်
ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။

၂။ ဖြစ်နိုင်ခြေကို ကြိုတွက်ပါ။

ကျွန်တော့်ဒုတိယ ဥပဒေသက
Downside risk အနည်းဆုံးနဲ့
Upside potential အကောင်းဆုံးကို
ရွေးချယ်ခြင်းပါ။

Russian roulette ကစားသလိုပဲ။
သုံညတစ်လုံးပါတာနဲ့ နှစ်လုံးပါတာ
ဖြစ်နိုင်ခြေ probability မတူတော့ဘူး။
ဘဝမှာလဲ အတူတူပဲ ငါတော့ထင်တယ်။
ယုံကြည်တယ်ဆိုတာ တစ်ခုတည်းနဲ့မရဘူး။
ယုတ္တိကျကျ ဘဝကို approach
လုပ်တတ်ဖို့လိုတယ်။

၃။ ကိုယ့်ကိုကိုယ် အမြဲလေ့လာနေပါ။

တတိယဥပဒေသက
ကမ္ဘာပေါ်မှာ ကိုယ့်အကြောင်းအသိဆုံးသူက
ကိုယ်ဖြစ်ဖို့ပါ။

လူတွေက တခြားအရာတွေနဲ့
တခြားသူတွေကို လေ့လာရတာ
ပြောဆိုရတာ ကြိုက်တတ်ကြတယ်။
အဲ့ဒီအချိန်မှာ ကိုယ့်ကိုကိုယ်
လေ့လာမယ်ဆို
ကိုယ့်ရဲ့ အတွေး၊ ခံစားချက်၊
လုပ်ရပ်၊ ဆုံးဖြတ်ချက်
Algorithm တွေကို လေ့လာမိလိမ့်မယ်။

Error ဖြစ်နေတဲ့အတွေးအခေါ်
code တွေကို ပြန်ပြောင်းပြုပြင်ရင်
မြန်နှုန်းမြင့်တဲ့ “ကိုယ်” ဖြစ်လာမယ်။

Phyo Paing @ Derek

Share Your Idea!​