ထပ်ခါထပ်ခါ ဆုံးဖြတ်ချက်
ချရမည့်အလုပ်တွေကို
စနစ်ချတဲ့အနေနဲ့
လိုက်နာရမည့် ဥပဒေသတွေ
ထုတ်ထားတယ်။
၁။ ဘူကောင်တွေကိုရှောင်
၂။ ငွေရှာပေးမည့်အရာမှာ ငွေသုံးရမှာ မနှေမြောနဲ့
၃။ အရိုးများ၊ ချီးခါးနေရင် ပလစ်
(လိုချင်တာ ပွင့်ပွင့်လင်းလင်းပြော
အိညောင် အိညောင်မလုပ်နဲ့။
ဒရာမာတွေခင်းပြီး trauma ထရာမာတွေဖြစ်တာ
စိတ်မဝင်စား။)
၄။ ဘူစမာတွေရှောင်
၅။ နေ့စဥ် လုပ်တဲ့အလုပ်တိုင်းက
လွတ်လပ်မှု၊ ရင်ခုန်မှု၊ တိုးတက်မှုရှိဖို့လုပ်။
၆။ ကျန်းမာရေးအတွက် လက်မနှေးနဲ့။
ဒါက အရေးအကြီးဆုံးပဲ။
၇။ အဟောင်းကြီးတွေပဲ မလုပ်နဲ့
၈။ ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်
၉။ ကိုယ့်ကို ယုံကြည်တဲ့သူကို အကောင်းဆုံးပေး
၁၀။ အလုပ်လုပ်တိုင်း ဆပွားနိုင်အောင် စဥ်းစား
၁၁။ နေ့စဥ် ဒီနေ့ဝင်ငွေ၊ အနာဂတ်ဝင်ငွေနှစ်ခု
တိုးပွားနေဖို့ အလုပ်လုပ်
၁၂။ အရေးကြီးတာ ကိုယ်စိတ်ချမ်းသာဖို့
Phyo Paing @ Derek