Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စိတ်မညစ်ချင်ရင်
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”

ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ။

လူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုက
ပိုက်ဆံမရှိတာ။
ရှိတဲ့ပိုက်ဆံ လျော့သွားတာ။
အနာဂတ်မှာ ပိုက်ဆံမဝင်မှာကြောက်တာ။
ဝင်ငွေနည်းသွားမှာကြောက်တာ။

ဒီတော့ ဥပဒေတစ်ခုထားထားတာက
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”။
နေ့တိုင်း ၂၄ နာရီမှာ
ဒီနေ့အတွက် ပိုက်ဆံဘယ်လောက်ရှာလိုက်သလဲ။
အနာဂတ်မှာ ပိုက်ဆံရှာဖို့
အချိန်ဘယ်လောက်ပေးလိုက်သလဲ။
ဒီအချက်တွေနဲ့ နေ့တိုင်းတိုင်းတာတယ်။

အမှတ်တံဆိပ်တည်ဆောက်တာ။
နေ့တိုင်း content တွေဖန်တီးတာ။
စာတွေဖတ်တာ။
စမ်းသပ်မှုတွေ လုပ်တာ။
ဒါတွေအကုန်လုံးက အနာဂတ်ပိုက်ဆံရှာဖို့ပဲ။

ဒါကြောင့် စိတ်မညစ်ချင်ရင်
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”
တနည်းအားဖြင့် “ပိုက်ဆံပိုးစိုးပက်စက် လာအောင်လုပ်”။

Phyo Paing @ Derek

Share Your Idea!​