ရွာထဲမှာ အလုပ်တာတွေနဲ့ အလုပ်ရှုပ်နေပြီး
ရွာပြင်ထွက် လေကောင်းလေသန့်ရနေတဲ့
အားတီ၊ အားမေတို့အတွက်။
“ဘောင်ပြင်လူ”
လူ့ဘောင်ရဲ့ တလွဲသတ်မှတ်ချက်လို့
ထင်တဲ့အရာတွေကို စိတ်ပေါက်ပေါက်နဲ့
မလိုက်နာပဲ ပြောင်းပြန်တွေ
လုပ်နဲ့သူတွေရှိတယ်။
ဘောင်ခတ်တတ်တာ လူ့သဘာဝ။
ဘယ်လိုနေရမယ်။
ဘယ်လိုသေရမယ်။
ဘယ်လိုစဉ်းစားရမယ်။
ဘယ်လိုမစဉ်းစားရဘူး။
ငါတို့နဲ့မတူ ငါတို့ရန်သူ။
အချစ်ရေးဆိုတာဘယ်လိုဖြစ်ရမယ်။
အိမ်ထောင်ရေးဆိုတာ ဘယ်လိုဖြစ်ရမယ်။
အလုပ်ကို ဘယ်လိုလုပ်ရမယ်။
စီးပွါးရေးဆိုတာ
ဘယ်လိုပုံစံမျိုးပဲလည်ပတ်မှရတယ်။
ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာ
ဘယ်လိုဖြစ်ရမယ်။
ခေတ်တွေက ပြောင်းနေတယ်။
နည်းပညာတွေ တိုးတက်နေတယ်။
နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုဘဝနေထိုင်ရေးတွေက
ပြောင်းလဲနေတယ်။
အဘိုးခေတ်က အယူအဆတွေက
အဖေခေတ်မှာ မှန်ချင်မှမှန်တော့မယ်။
အဖေခေတ်က အယူအဆက
ကိုယ့်ခေတ်မှာ မှန်ချင်မှ မှန်တော့မယ်။
ဒါကြောင့် တချို့ဘောင်တွေ သတ်မှတ်ချက်တွေက
လိုက်နာ စရာမလိုတော့ဘူး။
ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။
ဘယ်လို စားမယ်။
ဘယ်လိုအိပ်မယ်။
ဘယ်လိုအလုပ်လုပ်မယ်။
ဘယ်လို စီးပွါးရှာမယ်။
အချစ်ရေးကို ဘယ်လိုတည်ဆောက်မယ်။
ကလေးကိုဘယ်လို ပြုစုပျိုးထောင်မယ်။
တရားဘာဝနာ ဘယ်လိုပွါးများမယ်။
ဒါတွေက ကိုယ်နဲ့ပဲဆိုင်တယ်။
ကိုယ့်ဘောင်နဲ့ လူတွေကို လိုက်ခတ်တာ
ဒါတခြားသူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲ။
ဥပဒေဆိုတာ မလိုက်နာလို့မရဘူး။
ဘောင်က မလိုက်နာလို့ရတယ်။
ကိုယ့်ဘဝကိုယ်ကို စိတ်ကြိုက်ဒီဇိုင်းလုပ်နိုင်ဖို့
ကိုယ်နေထိုင်ချင်တဲ့ဘဝကို
အထောက်အပံ့ပြုနိုင်တဲ့
ငွေကြေးလွတ်မြောက်မှုလိုတယ်။
လူတွေက လူတွေကို
ငွေဆိုတဲ့အရာနဲ့ ထိန်းချုပ်တတ်ကြတယ်။
ဘောင်ပြင်ထွက်ရမှာ မကြောက်နဲ့။
ဘောင်ပြင်ထွက်ဖို့ ငွေ ရှာ၊ ပွါး၊ များအောင်လုပ်။
Phyo Paing @ Derek