လူတွေအမြဲချစ်တဲ့ ဆရာဒဲရစ်ရဲ့
ဒီနေ့တွေးမိတဲ့ အတွေးတချို့ 😆
၁။ အရေးကြီးတာ အရင်လုပ်။
၂။ နည်းလမ်းသိမှ စည်းကမ်းရှိမှာ။
၃။ ဆွတ်ခူးချင်တဲ့ ရလဒ်ကောင်း
ထီးနန်းအတွက် စည်းကမ်းလိုတယ်။
၄။ အတွေးတိမ်ရင် စျေးနှိမ်တာအမြဲခံရလိမ့်မယ်။
၅။ အချိန်ဖြုန်းတာ တချိန်လောကရဲ့
ကြိမ်လုံးစာ မိလိမ့်မယ်။
၆။ ရှေးထုံးလည်း ပယ်သင့်တာပယ်။
ဈေးသုံးလည်း လွယ်သင့်တာလွယ်။
၇။ အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်။
၈။ အချင်းများတာ မစဥ်းစားတတ်လို့။
၉။ ဒင်္ဂါးက သူတပါးနင်းပြားအောက်လုပ်နေသမျှ
ပွားများလာဖို့ မလွယ်ဘူး။
၁၀။ လောကကို အရှင်းသားမြင်ဖို့
ဦးနှောက်မှာ ရင်းထားမှရမယ်။
၁၁။ အလုပ်တွေရှုပ်နေတာလား၊
အရှုပ်တွေ လုပ်နေတာလား ပြန်ပေးရမယ်။
busyness or business လို့လဲ ခေါ်တယ်။
၁၂။ အရေးမပါတာတွေကို အရာမပေးနဲ့။
Phyo Paing @ Derek