လုပ်ငန်းရှင်လား လုပ်သားလား?
လုပ်သား Vs အလုပ်ရှင်
1. Operation → နိစ္စဓူဝ လည်ပတ်မှုတွေမှာ ကိုယ်ဝင်မပါပဲ မနေနိုင် Vs အစပိုင်းမှာ ဝင်ပါပေမယ့် အချိန်နဲ့အမျှ ဝန်ထမ်းတွေကိုလွဲပေး။
2. Satisfaction → တခြားသူတွေကို စိတ်မချ၊ သူတို့လုပ်တာအားမရ၊ သူတို့တစ်ရက်လုပ်တာကို ငါ နာရီဝက်လောက်နဲ့လုပ်လို့ရတယ်ဆိုပြီး စိတ်တိုင်းမကျ Vs ငါစိတ်ရှည်ဖို့လိုတယ်ဆိုတာသိ။ တဖြေးဖြေးချင်းသင်ပေးတယ်။
3. Vision → ကိုယ်ဘာဖြစ်ချင်လဲ သေသေချာချာမသိ။ သိရင်လဲ ဝန်ထမ်းတွေကိုမပြော Vs ကိုယ်ဖြစ်ချင်တာသေသေချာချာသိသလို ဝန်းထမ်းတွေကို ကိုယ့်လုပ်ငန်းသွားမည့်လမ်းကြောင်းလဲ အမြဲပြောပြ။
4. တစ်ခုခုဆို ဝန်ထမ်းတွေကို အပြစ်တင် Vs ဝန်ထမ်းတွေကို သင်ခန်းစာယူခိုင်း၊ လိုအပ်ရင်လုပ်ငန်းစနစ်ကိုပြန်လည်ပြုပြင်
5. လုပ်ငန်းလည်ပတ်မှုကို လုပ်နေကျအတိုင်းပဲ လည်ပတ်နေ Vs ကိုယ့်လုပ်ငန်းရဲ့စနစ်ကို ပိုမိုကောင်းမွန်အောင်အမြဲစဥ်းစားကြံဆနေ
6. လုပ်ငန်းလည်ပတ်ပုံအတွက် ဇယားတွေ၊ စနစ်တွေ ချရေးထားတာလုံးဝမရှိ Vs ကိုယ့်လုပ်ငန်းလည်ပတ်ပုံ flowchart တွေသေချာဆွဲထားသလို ဝန်ထမ်းတွေကိုလဲအသိပဲ
7. အလုပ်စခန့်ပြီး တာနဲ့ခိုင်း Vs လူတစ်ယောက်ချင်းစီဘာကြောင့်အလုပ်ခန့်တယ်၊ ဘာတွေလုပ်ရမယ်ဆိုတာအသိပေး။
8. မြန်မြန်ခန့်၊ ဖြုတ်ဖို့စဥ်းစားရင် လူရှာကခက်မယ်ဆိုပြီး ဒုက္ခရောက် Vs ခန့်မယ်ဆို ဖြေးဖြေးခန့်၊ သေချာစီစစ်ပြီးမှခန့်ပြီး အဆင်မပြေရင် မြန်မြန်ဖြုတ်လေ့ရှိ။
9. ကျွမ်းကျင်တယ်၊ လုပ်သက်ရှိတယ်၊ ပြိုင်ဖက်ဆီကဆို ပိုကောင်းဆိုပြီးစဥ်းစား Vs စိတ်နေသဘောထားပိုအရေးကြီးတယ်၊ ကိုယ့်လုပ်ငန်းရဲ့တန်ဖိုးထားမှုနဲ့ကိုက်ဖို့လိုတယ်ဆိုတာသိတဲ့အတွက် သေချာစီစစ်တယ်။ ကျွမ်းကျင်အောင် ပြုစုပျိုးထောင်ပေးတဲ့စနစ်တည်ဆောက်ထားတယ်။
10. တစ်ခုခုအဆင်မပြေရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ အပြောင်းအလဲအားလုံးကိုအပြစ်တင် Vs မဖြစ်ခင်ကြိုတင်စီမံထားလေ့ရှိသလို၊ ကိုယ်မထင်မှတ်ထားတာဖြစ်လာခဲ့ရင်လဲ အရေးပေါ် ပြင်ဆင်မှုတွေ၊ damage control တွေလုပ်လေ့ရှိ။
11. ငါမရှိရင် မဖြစ်ဘူးလို့စဥ်းစား Vs ငါမရှိပဲ ဖြစ်အောင်ဘယ်လိုလုပ်မလဲစဥ်းစား။
12. ကိုယ့်လုပ်ငန်းက ကိုယ့်ထက်ကြီးတယ်၊ ဒါကြီးမရှိရင် ငါ့ဘဝတော့သွားပြီလို့ စဥ်းစား Vs ကိုယ့်ကိုကိုယ်ယုံကြည်တယ်။ ကိုယ့်လုပ်ငန်းဟာ ကိုယ့်ရဲ့ကုန်ပစ္စည်းတစ်ခုပဲ။ ဒီလိုလုပ်ငန်းတွေ ထပ်တည်ထောင်ဖို့ ကိုယ့်မှာ blueprint ရှိတယ်ဆိုပြီးစဥ်းစားတယ်။ စနစ်နဲ့ လုပ်ဆောင်တယ်။
13. ကိုယ်အတွေ့အကြုံပေါ်ပဲ အခြေခံ Vs သူများအတွေ့အကြုံကို ဦးနှောက်ငှားသုံး။
14. ပြိုင်ဖက်တွေ ကိုယ့်ကိုအတုခိုးတာကို စိုးရိမ်ပူပန် Vs ကိုယ့် culture နဲ့ ကိုယ့်လုပ်ပုံကိုင်ပုံအတွေးအခေါ်၊ နည်းစနစ်တွေကို အတုခိုးလို့မရဘူးဆိုတာ နားလည်သလို စနစ်တကျလဲတည်ဆောက်ထား။
#Akyanpay