Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အခြေခိုင်ဖို့ အခြေခံလိုတယ်။

အခြေခိုင်ဖို့ အခြေခံလိုတယ်။

စီးပွားရေး တိုးတက်နေတဲ့အချိန်
အောင်မြင်နေတာ စစ်မှန်တဲ့
အောင်မြင်မှုလို့ ခေါ်လို့မရနိုင်ဘူးလို့
ယူဆတယ်။

ဘယ်အခြေအနေဖြစ်ဖြစ်
ရပ်တည်နိုင်တာမှ အောင်မြင်မှုလို့
သတ်မှတ်ထားတယ်။

2002 မှာ SIRS ရောဂါဖြစ်တယ်။
တချို့ကုမ္ပဏီတွေ မရှိတော့ဘူး။
Alibaba ကြီးထွားလာတယ်။

2008 စီးပွားရေးပျက်ကပ် recession ဖြစ်တယ်။
လူတွေအလုပ်ပြုတ်ကြသလို
တချို့ကုမ္ပဏီတွေ မရှိတော့ဘူး။
ပြဿနာအသစ်တွေနဲ့ အတူ
Airbnb တို့လို ကုမ္ပဏီတွေထွက်ပေါ်လာတယ်။
Uber ထွက်ပေါ်လာတယ်။

ဘာကြောင့် တချို့ကုမ္ပဏီတွေ
ဒေဝါလီခံသွားတဲ့ အချိန်မှာ
တချို့တွေ ရှင်သန်ပြီး ပြန်လည်ကြီးထွားပြီး
အသစ်တွေ ဖန်တီးနိုင်တာလဲဆိုရင်
အခြေခံခိုင်တဲ့အတွက်ဖြစ်တယ်။

ဒါကို Amazon ရဲ့ Founder Jeff Bezos က
ရှင်းရှင်းလေး ရှင်းပြထားတယ်။

လူတွေက အနာဂတ်မှာ ဘာတွေပြောင်းမလဲ
သူ့ကို လာမေးတယ်။
အနာဂတ်မှာ ပြောင်းလဲမယ့်အရာတွေ
အများကြီး ရှိတယ်။
အဲ့ဒါထက် အရေးကြီးတဲ့အရာက
“အနာဂတ်မှာ ဘာတွေ မပြောင်းလဲဘူးလဲ” ဆိုတဲ့
မေးခွန်းက ပိုအရေးကြီးတယ်။

လူတွေက အနာဂတ်မှာ စျေးချိုတာတွေကို
ကြိုက်နေဦးမယ်။
လူတွေက အနာဂတ်မှာ မြန်မြန်ဆန်ဆန်
ပို့ဆောင်ပေးတာကို ကြိုက်နေဦးမယ်။
ဒါတွေက မပြောင်းလဲဘူး။
ဒါ Amazon ရဲ့ အခြေခံပဲ။

အခုလဲ Covid-19 ဖြစ်လာတယ်။
နောက် Coup လာတယ်။
ဒီလို အပြောင်းအလဲတွေကြားမှာ
ကိုယ့်လုပ်ငန်းရဲ့ မပြောင်းလဲတဲ့
အခြေခံတွေက
ဘာတွေလဲ ပြန်သုံးသပ်ပြီး
လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့
လိုအပ်တဲ့ အချိန်ဆိုရင် မမှားဘူးလို့
ယူဆတယ်။

AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

Share Your Idea!​