Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။
တချို့တွေက စျေးကွက်အသွားအလာကြည့်ပြီး
ဝယ်ရောင်းနဲ့ အောင်မြင်ကြတယ်။
ကုန်သည် trader လို့ခေါ်တယ်။

တချို့က ဘယ်သူနဲ့ ဘယ်သူချိပ်ဆက်ပေးရင်
ရနိုင်မလဲဆိုပြီး ဝယ်စရာမလိုပဲ
ပွဲစားလုပ်ပြီး အောင်မြင်ကြတယ်။
Deal Maker ပွဲစားလို့ခေါ်တယ်။

တချို့ကျတော့ ကုန်အမှတ်တံဆိိပ်တည်ဆောက်
လူတွေရဲ့ယုံကြည်မှုကိုရအောင်တည်ဆောက်
စီးပွါးရေးတွေတည်ဆောက်ပြီး အောင်မြင်ကြတယ်။
Brand Builder လို့ခေါ်တယ်။

တချို့က လုပ်ငန်းတွေလိုအပ်တဲ့အရာတွေကို
ထုတ်လုပ်ပံ့ပိုးပေးပြီးအောင်မြင်ကြတယ်။
Manufacturer လို့ခေါ်တယ်။

တချို့က အနာဂတ်အမြင်ရှိတဲ့ဦးဆောင်သူရဲ့
အနာဂတ်အမြင်ကို ပုံဖော်ပေးရင်း
အောင်မြင်ကြတယ်။
Supporter or Insider လို့ခေါ်တယ်။

တချို့က တော်တဲ့လုပ်ငန်းရှင်တွေရဲ့
လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုပြုပြီး
အောင်မြင်ကြတယ်။
Investor လို့ခေါ်တယ်။

ကိုယ့်ရဲ့ winning formula ကဘာလဲ
သေချာသိဖို့လိုတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​