ဒီနေ့ခေတ်စီးပွားရေး လုပ်တဲ့ပုံစံ
ပြောင်းလဲသွားပြီ။
ထုတ်လုပ်မှုက ပြဿနာ မဟုတ်တော့ဘူး။
Overproduction တောင်ဖြစ်တဲ့အတွက်
ပစ္စည်းတွေ ပုံပြီး ကုန်အောင်ရောင်းဖို့
ပိုအရေးကြီးတဲ့ ခေတ်ဖြစ်သွားပြီ။
အဖိုးလက်ထက်ကတော့ ကုန်ပစ္စည်း
ရှားပါးတဲ့အတွက် ကုန်ပစ္စည်းရှိရင်ကို
အလုအယက်ဝယ်ကြတဲ့ ခေတ်။
အခုကတော့ ပစ္စည်းအလျံပယ်ထုတ်နိုင်ပြီး
ဝယ်ဖို့ ပိုအားထုတ်ရတဲ့ခေတ်ဖြစ်တယ်။
ဒီတော့ production ထက်
Consumption ကို ပိုအားထုတ်ရတဲ့ခေတ်
ဖြစ်လာတာနဲ့အညီ
အလားအလာရှိတဲ့ ဖောက်သည်တွေ
ကိုယ့်ကို သိဖို့ နာမည်တစ်လုံးတည်ဆောက်ဖို့
လိုလာတယ်။
ဒီလို နာမည်တစ်လုံးဖြစ်လာအောင်
တည်ဆောက်တာကို branding လို့ခေါ်တယ်။
အလွယ်ကူဆုံးပြောရမယ်ဆို
အမှတ်တံဆိပ်တစ်ခုဆိုတာ ကတိတစ်ခုပဲ။
ကိုယ့်ဖောက်သည်တွေကို ပေးတဲ့ ကတိပေါ့။
ဥပမာ သုံးမိနစ်ပဲစောင့်ဆို
ဒါ မာမားဆိုတာ တန်းသိတယ်။
ဒါကြောင့် အမှတ်တံဆိပ်တည်ဆောက်ပါ
အမျိုးတို့။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay