Akyanpay ကနေ အမြဲသတိပေးတယ်နော်
လုပ်ငန်းရှင်တို့။
ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးရမယ်။
ကိုယ်ပိုင်တဲ့ကား ကိုယ်သေချာ
မောင်းတတ်ဖို့ အရေးကြီးတယ်။
နောက် စီးပွါးရေးလုပ်တဲ့ပုံစံအရေးကြီးတယ်။
ဘယ်သူ့ရောင်းမလဲ၊
ဘယ်လိုရောင်းမလဲ၊
ဘာတွေလုပ်ရောင်းမလဲ သေချာစဉ်းစားဖို့လိုတယ်။
Model မှားရင် မယ်တော်လဲ မကယ်နိုင်ဘူး။
ဒါကြောင့် Business Model ကို သေချာဆန်းစစ်။
တီထွင်ဆန်းသစ်မှု လုပ်သင့်ရင်လုပ်။
ဒါကို Business Model Innovation လို့ခေါ်တယ်။
နောက်တစ်ခုက ဖောက်သည်သေချာရွေးပါ။
လူတိုင်းကို ရောင်းဖို့ မစဉ်းစားပါနဲ့။
လူတိုင်းအတွက် ဆိုရင်
ဘယ်သူ့အတွက်မှ မဟုတ်တော့ဘူးဆိုတာ
သတိပြုပါ။
Choose your clients, choose your future ပါ။
အရောင်းနဲ့ အမြတ်မတူတာ ဂရုပြုပါ။
လုပ်ငန်းရှင်သန်ဖို့အရေးကြီးတာ
profit ပါ။
ဒါကြောင့် ရောင်းအားတိုးဖို့
စျေးလျော့ဖို့ စဉ်းစားတဲ့အခါတိုင်း
ကိုယ့်အမြတ်ငွေကို ဘယ်လို သတ်ရောက်နိုင်လဲ
သတိပြုပါ။
Me too မလုပ်ပါနဲ့။
ဒီနေ့ခေတ်က Do or Die ခေတ်မဟုတ်ပါ။
Do ပြီး Die သွားတဲ့လုပ်ငန်း
အများကြီးပါ။
Differentiate or Die ဖြစ်တဲ့အတွက်
မတူအောင် ဘယ်လိုနည်းလမ်းနဲ့
လုပ်မလဲ ကြံဆပါ။
အနာဂတ်အတွက် အမြဲ plan ရှိဖို့လိုတယ်။
ဒီ Plan ကို အမြဲ update လုပ်ပါ။
အကောင်အထည်ဖော်ပါ။
ဒါလေး သတိပေးတာပါ
အမျိုးတို့။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay