Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းလုပ်တယ်ဆိုတာ ဥစ္စာစောင့်ဖြစ်ဖို့မှမဟုတ်တာ။

ဘာလို့ အမှတ်တံဆိပ်တည်ဆောက်တာလဲဆို
ပြန်ရောင်းဖို့လို့ ပြောရင်မှန်နိုင်တယ်။

လူအများစုက ကိုယ်တိုင်လုပ်မှရတဲ့ငွေ
active income နဲ့
အလိုအလျောက်ဝင်ငွေ
passive income ကိုပဲ အာရုံစိုက်တတ်ကြတယ်။

ဒီထက်အရေးကြီးတဲ့ ဝင်ငွေတစ်ခုရှိတယ်။
ဒါကတော့ ကိုယ့်လုပ်ငန်းကို အလုံးလိုက်
အကောင်လိုက် ပြန်ရောင်းရင်ရမည့်ငွေပဲ။
ဒါကို value of the company လို့ခေါ်တယ်။

ကိုယ်နှစ်ပေါင်းများစွာလုပ်ထားတဲ့လုပ်ငန်းကို
ပြန်ရောင်းတဲ့အခါ ကိုယ့်တစ်သက်ရှာထားတာထက်
ပိုရဖို့လိုတယ်။

Good Morning ပါမုန့်လို့သိထားတဲ့
L & M Mayson က Korea Lotte group ကို
$68.1 million နဲ့ ရောင်းလိုက်တာတို့၊
Rgo47 တို့၊ လေဆာ၊ ILBC တို့ ပြန်ရောင်းတာကို
ကြားဖူးလိမ့်မယ်။
Exit strategy လို့လဲခေါ်တယ်။

ဒီလို ပြန်ရောင်းနိုင်ဖို့က
ကိုယ်မပါပဲလည်ပတ်နိုင်တဲ့ လုပ်ငန်းဖြစ်ထားဖို့လိုတယ်။
ဒီလို လုပ်ဖို့ စနစ်ချထားဖို့လိုတယ်။
စနစ်ဆိုတာ a repeatable process that works with or without you
ကိုယ်ပါပါ မပါပါလည်ပတ်နေတာကိုခေါ်တာ။

စီးပွားရေးပညာကို အခြေခံကျကျ သေချာမသိလို့
တစ်သက်လုံး ဥစ္စာစောင့်လိုနေနေရတဲ့သူတွေ
ဆိုင်ပစ်ပြီး မသွားနိုင်တဲ့သူတွေ အများကြီးတွေ့ဖူးလိမ့်မယ်။

လုပ်ငန်းလုပ်တယ်ဆိုတာ ဥစ္စာစောင့်ဖြစ်ဖို့မှမဟုတ်တာ။
ဒါကြောင့် လုပ်ငန်းကို အလုံးလိုက် အကောင်လိုက်
ပြန်ရောင်းတဲ့အခါ ဆိုတာကို အမြဲစဥ်းစားထားဖို့လိုတယ်
အားတီ၊ အားမေလေးတို့။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​