ဘဝရဲ့ အရည်အသွေးအရေးကြီးတယ်။
ကိုယ်က လုပ်ငန်းအတွက်မဟုတ်ပဲ
ကိုယ့်လုပ်ငန်းက ကိုယ့်အတွက်ပဲဖြစ်ရမယ်။
လုပ်ငန်းဆိုတာ ကိုယ့်အိမ်မက်တွေဖြည့်ဆည်းဖို့
ယာဥ်တစ်စီးပဲ။
ကိုယ့်လုပ်ငန်းက ကိုယ့်အတွက်ဖြစ်ဖို့
ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။
ကျွန်တော်ကတော့ စီးပွားရေးလုပ်ငန်းကို
ပိုက်ဆံရှာဖို့၊ လူအသိအမှတ်ပြုခံရမှုထက်
အများကြီးပိုတယ်လို့စဥ်းစားတယ်။
ကိုယ့်စီးပွားရေးလုပ်ငန်းဆိုတာ
ကိုယ့်ကို တိုးတက်စေတဲ့အရာဖြစ်ရမယ်။
သူက လှေကားထစ်ပဲ။
လမ်းဆုံးမဟုတ်ဘူး။
ကိုယ်က ဒီလုပ်ငန်းကို လုပ်နေရင်းနဲ့
ဘယ်လိုလူဖြစ်လာလဲဆိုတာ ပိုအရေးကြီးတယ်။
အဲ့လိုပဲ ယူဆတယ်။
ကိုယ်လိုချင်တဲ့ လုပ်ငန်းပုံစံ
တစ်ခါတည်းဆောက်ပြီးတာနဲ့
သူ့လိုလုပ်ငန်းတွေ copy & paste လုပ်တာနဲ့
တည်ဆောက်လို့ရနိုင်ရမယ်လို့ခံယူထားတယ်။
ဘာကြောင့်လဲဆိုတော့
လုပ်ငန်းဆိုတာ ကိုယ့်ဘဝတိုးတက်ရေးအတွက်
ယာဥ်တစ်စီးလို့ ခံယူထားလို့။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay