Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မားကတ်တင်းမှာလဲ အတွေးအခေါ်ရှိတယ်။

ဒီလို အတွေးအခေါ်ရှိတဲ့သူတွေကို
Marketing Thought Leaders လို့ခေါ်တယ်။

ဟိုးအရင် ခေတ်ကဆို
လူတွေကို စိတ်ညစ်အောင်လုပ်ပြီး
မားကတ်တင်းလုပ်ကြတယ်။
TV ဇာတ်ကားကြည့်လို့ကောင်းနေချိန်
ကြော်ငြာကြီးထိုးပြတာမျိုး။
ဆိုင်ထိုင်နေတဲ့အချိန် အာရုံစိုက်မှု
မရရအောင် နှောက်ယှက်ပြီး
မားကတ်တင်း လုပ်တာမျိုး။
မသိတဲ့သူတွေရဲ့ ဖုန်းတွေခေါ်
မားကတ်တင်းလုပ်တာမျိုး။
Cold call လုပ်တာမျိုးပေါ့။
ဒါတွေကို Interrupted Marketing လို့ခေါ်တယ်။

Email တွေခေတ်မစားခင်မှာ
Seth Godin က
ခွင့်တောင်းပြီး မားကတ်တင်းလုပ်ဖို့
Permission Marketing စာအုပ်ကိုရေးတယ်။
ဝက်ဝက်ကွဲအောင်မြင်တယ်။
MBA အတန်းတွေမှာ ခုထိသင်ရတယ်။

Email Marketing လုပ်တဲ့အခါဆို
Marketing funnel မားကတ်တင်းကတော့တည်ဆောက်တဲ့အခါ
Opt in လို့သုံးတယ်။
ဒီ PDF လေး download free ယူမလား၊
email ထားခဲ့။
အဲ့ဒီ စနစ်မျိုးကို သွားတယ်။

အဲ့လို မားကတ်တင်းပိုင်းမှာလဲ
မတူညီတဲ့ school of thoughts
အတွေးအခေါ်တွေရှိတယ်။
နောက် Growth-hacker marketing
အကြောင်းလဲ ရေးသွားအုံးမယ်။

Phyo Paing @ Derek
Guerrilla Marketing Coach
Low cost, high impact
စရိတ်နည်းပါးထိရောက်မှုဆပွါး
#gmc
#sapwar

Share Your Idea!​