စီးပွားရေး လုပ်တဲ့အခါ
စီးပွားရေး ဆန်မှရမယ်။
အလှူအတန်းလုပ်တဲ့အခါ
သဒ္ဒါစိတ်နဲ့ အလှူအတန်းဆန်မှရမယ်။
စီးပွားရေးဆန်တယ်ဆိုတာ
ကိုယ့်ဦးစားပေးဖောက်သည်ရဲ့
လိုချင်တာ၊ လိုအပ်တာကိုဖြည့်ဆည်းပေးရင်း
နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိအောင်လုပ်တာ။
စီးပွားရေးလုပ်ပြီး
စေတနာမပါတာလို့ပြောတဲ့အခါ
စျေးသက်သာတဲ့ Budget airline
စီးတဲ့အခါ စျေးသက်သာတဲ့
အရည်အသွေးပဲရမှာပဲ။
ဇိမ်ခံအရည်အသွေးမြင့်လေကြောင်းစီးရင်
သူနဲ့တူတဲ့ အရည်အသွေးရမှာပဲ။
ယူတာနဲ့ တန်းတူပြန်မပေးနိုင်ရင်၊
တန်ဖိုးပိုပြန်မပေးနိုင်ရင်
ဘယ်လုပ်ငန်းမှ တာရှည်မခံဘူး။
စီးပွားရေးလုပ်တဲ့အခါ
စီးပွားရေး ဆန်မှရမယ်လို့ထင်တယ်။
မှန်ကန်တဲ့ မျှော်မှန်းချက်ထားဖို့
လိုတယ်လို့ထင်တယ်။
Phyo Paing @ Derek