လူတစ်ယောက်ရဲ့ စကားကိုနားထောင်ကြည့်ရင်
သူ့ခေါင်းထဲက ပြေးနေတဲ့ codes ကုပ်တွေကို
တွေ့လိမ့်မယ်။
စကားနောက် တရားပါတယ်ဆိုတဲ့အတွက်
မနောကံ၊ ဝဇီကံ၊ ကာယကံကို ဂရုစိုက်ရတယ်။
မနော = စဥ်းစားကြံဆ
ဝဇီ = ပြောဆို ရေးသား
ကာယ = လုပ်ဆောင်
စဥ်စားကြံဆတာကလဲ ကံပဲ။
ပြောဆိုရေးသားတာကလဲ ကံပဲ။
ပြုမူဆောင်ရွက် အကောင်အထည်ဖော်တာလဲ ကံပဲ။
ဒီကံသုံးပါးကို ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။
သူတပါးအတွက်
ကိုယ့်အတွက်
ကောင်းတာတွေပဲစဥ်းစား၊
ပြောဆို၊ လုပ်ဆောင်။
(လူတွေရဲ့ ဦးနှောက်သဘောတရားအရ
ရှင်သန်ဖို့ဖြစ်တည်လာတဲ့ evolution အရ
လူတွေက survival အတွက်
ရန်တွေကို ထောက်လှမ်းနေရတော့
အပျက်တွေကို အရမ်းအာရုံပြုမိတာများတတ်တယ်။
ဒါကြောင့် အပျက်တွေကိုသိတာက
အထူးအာရုံစိုက်စရာမလိုပဲဖြစ်နေတတ်ကြတယ်။)
Phyo Paing @ Derek