အကြောက်တရား နည်းသွားတာ။
ကိုယ့်ရဲ့ တစ်ကိုယ်ရည်ဘဝ၊
အလုပ်အကိုင်နဲ့
စီးပွားရေးမှာ
အဆင်မပြေတာတွေကို
ထိုင်စိတ်ညစ်နေမည့်အစား
နောက်တစ်ကြိမ် အသစ်စဖို့
စဥ်းစား လုပ်ဆောင်မိတာ
အကောင်းဆုံးအချက်တစ်ချက်ပဲ။
Personal Life မှာဆို
အချစ်ရေး၊ အိမ်ထောင်ရေး၊
ဘဝနေထိုင်မှုပုံစံ။
Professional Life မှာဆို
ယူတဲ့ဘွဲ့၊ တတ်ခဲ့တဲ့ အတတ်ပညာ၊
အသက်မွေးဝမ်းကြောင်းပြုတဲ့အရာတွေ။
Business Life မှာဆို
စတင်ခဲ့တဲ့အလုပ်၊
အသုံးချချင်တဲ့ စီးပွားရေးမော်ဒယ်ပုံစံ၊
ဝန်ဆောင်မှုပေးချင်တဲ့ ဖောက်သည်ပုံစံ၊
လုပ်ငန်းတည်ဆောက်မှုပုံစံ။
အသစ်တဖန် အစက ပြန်စဖို့
ကြောက်နေလို့မရနိင်ဘူး။
ဘဝဆိုတာ iterative process တစ်ခုပဲ။
အဆင်မပြေရင် ထပ်ခါထပ်ခါ
ပြန်လည်မွမ်းမံ ပြုပြင်ရတာပဲ။
လိုအပ်ရင် လမ်းကြောင်းပြောင်း၊
ဘဝကို နောက်တဖန် ပြန်ဖန်တီး
Reinvention လုပ်ဖို့လိုတတ်တယ်။
ကိုယ့်ရဲ့
အကောင်းဆုံး ဗားရှင်းမတည်ဆောက်နိုင်ရင်
တခြားသူတွေကိုလဲ
အကောင်းဆုံးဗားရှင်းတည်ဆောက်ရေးမှာ
ကူညီပေးနိုင်ဖို့မလွယ်ဘူး။
Phyo Paing @ Derek