ကိုယ်စိတ်ကူးထားတဲ့ အရာတိုင်းက
ဘဝထဲကို တဖြည်းဖြည်းရောက်လာတဲ့
Law of attraction ဆိုတာရှိတယ်။
ဒါနဲ့ အတူအလုပ်လုပ်တဲ့
ဥပဒေသ ငါးခုထပ်ရှိတယ်။
ပထမတစ်ခုက Law of Attraction
ကိုယ်လိုချင်တာကို စိတ်ကူးပုံဖောက်ကြည့်။
ခံစားကြည့်ကြည့်။
လိုချင်တာတွေ ရလာဖို့ အဆင်သင့်ဖြစ်နေဖို့
စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်။
ဒီ Law of attraction ကိုသုံးဖို့
အတားအဆီးတစ်ခုက ပိတ်ဆို့မှု
blockage ပဲ။
စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှု။
မဖြစ်နိုင်ပါဘူး။ အပိုတွေပါ။
အဲ့အတွက် အချိန်တွေစောင့်ဖို့လိုသေးတယ်။
ဒီ အတားအဆီး၊ အစိုင်အခဲတွေကို
ဖယ်ရှားဖို့လိုတယ်။
ဒါကိုကျော်ဖြတ်ဖို့နည်းလမ်းအများကြီးရှိတယ်။
အဲ့ဒီနည်းလမ်းအများကြီးထဲမှာဆို
ဟာဝိုင်ရီက လူမျိုးတွေအသုံးပြုတဲ့
ho’oponopono ဆိုတဲ့နည်းအသုံးပြုလို့ရတယ်။
I am sorry.
Please forgive me.
I love you.
Thank you.
ငါမှားသွားတယ်။
ငါ့ကိုခွင့်လွတ်ပါ။
ငါမင်းကိုချစ်တယ်။
ကျေးဇူးတင်ပါတယ်။
ဒါလေးကို Joe Vitale ဆိုတဲ့
စာရေးဆရာရေးတော့ တစ်ကမ္ဘာလုံး
ပိုသိလာတယ်။
နောက်တစ်နည်းကတော့ ပြင်သစ်စိတ်ပညာရှင်
Emile Coue ရဲ့
နေ့စဥ်နေ့တိုင်း ငါသည် ကိစ္စအဖက်ဖက်မှာ
ပိုပိုပြီး ကောင်းသထက်ကောင်းလာနေပြီ။
Every day in every way I am getting better and better ဖြစ်တယ်။
ကိုယ်လိုချင်တာကို စိတ်ကူးပုံဖော်ကြည့်တဲ့အခါ
Creative visualization
ဘာတွေ မြင်လဲ၊
ဘာတွေ ကြားလဲ၊
ဘယ်လိုခံစားရသလဲ။
မြင်ယောက်ကြည့်၊
ကြားယောက်ကြည့်၊
ခံစားကြည့်ဖို့လိုတယ်။
နောက် law ၅ ခု စိတ်ဝင်စားရင်တော့
ထပ်မျှဝေပေးသွားမယ်။
Phyo Paing @ Derek