ကိုယ်နဲ့အတွေးအခေါ်မတူ
ကိုယ့်အကျိုးစီးပွားလဲမထိခိုက်ရင်
လျစ်လျူရှုတယ်။
လျစ်လျူရှုမှု အနုပညာက
တော်တော်လေး အရေးကြီးတယ်။
Boycott လုပ်တယ်ဆိုတာ
လျစ်လျူရှုခြင်းတစ်မျိုးပဲ။
ကိုယ်နဲ့မဆိုင်တာကို အာရုံတွေပေးဖို့
အချိန်နဲ့ စွမ်းအင်တွေကို
အလဟဿ အသုံးမပြုဘူး။
ကိုယ်ခံယူထားတဲ့ ဥပဒေသတစ်ခုက
MYOB ပဲ။
Mind Your Own Business
၁။ ကိုယ်အကောင်းဆုံး ဗားရှင်းဖြစ်ရမယ်။
၂။ ကိုယ့်သားသမီးနဲ့ မိသားစုအကောင်းဆုံးဗားရှင်းဖြစ်ရမယ်။
၃။ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။
၄။ ကိုယ်နဲ့ သိတဲ့သူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။
၅။ ကိုယ်နေထိုင်တဲ့နေရာကသူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။
ကိုယ်ကူညီပေးနိုင်တဲ့သူမဟုတ်ရင်တော့
ထားခဲ့လိုက်တယ်။
ကိုယ့်ကိုယ်ကိုကောင်းအောင်မလုပ်ပဲ
တခြားသူကို ကူညီပေးဖို့
မလွယ်ကူဘူး။
ကိုယ်မသိတဲ့အရာတစ်ခုကို
တခြားသူကို သင်ပေးဖို့ဆိုတာလဲ
မဖြစ်နိုင်ဘူး။
Phyo Paing @ Derek