အတ္တဆိုတာက ကိုယ့်ကိုယ်ကို
အရေးကြီးတယ်လို့ထင်တာ။
ဒီအတွက် တခြားသူတွေကို
အထင်အမြင်သေးတာ၊
ကိုယ့်အတွက်ပဲကြည့်တာဖြစ်လာတတ်တယ်တဲ့။
အတ္တဆိုတာ ဘဝတစ်ကွေ့မှာ
ရည်ရွယ်ချက်ရောက်ဖို့ ကူညီပေးသလို
အခြေအနေတစ်ခုရောက်ရင်
ထပ်ပြီး တိုးတက်ဖို့အတွက်
အတားအဆီးတစ်ခုဖြစ်လာတတ်တယ်။
Stoic အတွေးအခေါ်ပညာရှင်တွေကလဲ
အမြဲသတိပေးတယ်။
ဒီနေ့ဖတ်နေတာကတော့
Ryan Holiday ရဲ့ Ego is the enemy ပဲ။
Stoic Daily အကြောင်းတွေကို
Youtube ကနေ မျှဝေနေတဲ့
သူတစ်ယောက်လဲဖြစ်တယ်။
သူ့ကို စတင်သိရှိတာက
Tim Ferriss ရဲ့ 4-hour chef စာအုပ်ကို
မားကတ်တင်းလုပ်တဲ့အခါ
growth-hacking လုပ်ပေးရာကသိလာတယ်။
အတ္တတွေကျော်လွှားဖို့
၁။ ကိုယ်သိထားတာကိုပဲ အမှန်လို့မထင်ဖို့
၂။ အမြဲသင်ယူလေ့လာနေဖို့
၃။ မှားနေရင် ပြင်ဖို့
၄။ လူကိုလူလို လေးလေးစားစားဆက်ဆံဖို့
၅။ မာန်မာန မထောင်လွှားဖို့
၆။ အတိတ်မှာ အလုပ်ဖြစ်ခဲ့တာ
အနာဂတ်မှာ အလုပ်ဖြစ်ချင်မှဖြစ်မယ်ဆိုတာ
နှလုံးသွင်းဖို့
၇။ ကိုယ်ချင်စာတရားထားဖို့လိုတယ်။
Phyo Paing @ Derek