Outside In
အချိန်တန်ရင် အိမ်တော့ခဏပြန်ပါ။
အာရုံကို အာဏာကုန်စိုက်နိုင်ဖို့
ကိုယ့်လိပ်ပြာ ကိုယ့်ဆီပြန်လာအောင်
ခေါ်ရတယ်။
ကိုယ်လိုချင်တဲ့ အရာတွေဖြစ်လာဖို့
အပြင်မှာပဲ ရှာလို့မရဘူး။
အတွင်းကို အရင်ပြန်ဝင်ရတယ်။
အာရုံတွေကို အပြင်မှာပဲ လေလွင့်
အလေလိုက်နေလို့မရဘူး။
ကိုယ့်အိမ်ပြန်လာဖို့လိုတယ်။
ကိုယ့်အိမ်ပြန်လာတဲ့အခါ
ကိုယ့်အတွေးတွေကို သတိပြုမိလာမယ်။
ကိုယ့်အကြံအစည်တွေကို သတိပြုမိလာမယ်။
ကိုယ့်ကိုယ်ကို သတိပိုပြုမိလာမယ်။
ဒါမှ ကိုယ့်ကိုယ်ကိုပြောင်းရင်း
ကိုယ့်ဘေးပတ်ဝန်းကျင်ပြောင်းမယ်။
ဒါကြောင့်
အချိန်တန်ရင် အိမ်တော့ခဏပြန်ပါ။
Phyo Paing @ Derek