Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာ

လူတွေရဲ့ ဇီဝကမ္မဖြစ်စဥ်ကို
သေချာအသုံးချတတ်ရင်
ကိုယ့်ရဲ့ circadian rhythm ကို
လိုသလို ပြောင်းလို့ရတယ်။
ဘယ်အချိန်အိပ်ပြီး
ဘယ်အချိန်ထချင်တယ်။
ဘယ်လိုအလုပ်လုပ်ချင်တယ်။
စွမ်းအင်ကို ဘယ်လိုစီမံခန့်ခွဲမယ်။

ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာ
ခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်တယ်လေ့လာတာ။
ဇီဝဗေဒ Biology ရဲ့အခွဲတစ်ခုဖြစ်တယ်။

ဘောလုံးမကန်ခင်မှာ
သွေးပူလေ့ကျင့်ခန်းဘာကြောင့်လုပ်သလဲ?

နှလုံးခုန်မြန်ပြီး သွေးလည််ပတ်မှုကောင်းပြီး
ကြွက်သားတွေထဲ သွေးပိုရောက်အောင်။
ထိခိုက်မှုနည်းစေတယ်၊
ပျော့ပြောင်းမှုပိုဖြစ်စေတယ်၊
လှုပ်ရှားမှုစွမ်းဆောင်ရည်အတွက် ကူညီပေးတယ်။
ဒါက ဇီဝကမ္မဖြစ်စဥ်ကို အသုံးပြုတဲ့
သာဓက တစ်ခုပဲ။

အိပ်ချင်နေတယ်၊ အလုပ်ကလဲမပြီးသေးဘူး။
ကော်ဖီသောက်လိုက်တယ်။
သွေးထဲမှာ adenosine receptor အဒီနိုစင်းလက်ခံကို
သွားပိတ်တယ်။ အရူးသွားလုပ်တယ်။
adenosine တွေက သူ့ လက်ခံနဲ့ပေါင်းလို့မရပဲ
သွေးထဲလည်ပတ်နေတယ်။
ဒီတော့ အနားယူမည့် အိပ်ချင်စိတ်ကို
အချိန်တစ်ခုထိ ရပ်ထားဖို့ ကူညီပေးတယ်။

Phyo Paing @ Derekdrphyopaing

Share Your Idea!​