လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က
Encarta msn ဆိုတဲ့ မိုက်ခရိုဆော့ကထုတ်တဲ့
စွယ်စုံကြမ်းလေးမှာ
လူတွေကို ဘယ်အရာက ပျော်စေလဲရှာကြည့်တယ်။
ဖတ်ကြည့်ပြီး P သုံးလုံးနဲ့ အနှစ်ချုပ်ကြည့်တယ်။
သာယာမှု pleasure တွေကလဲ ပျော်စေတဲ့
စားချင်တာ၊ သောက်ချင်တာ၊
ခန္ဓာကိုယ်တောင့်တမှုတွေကိုဖြည့်ဆည်းနိုင်တာ။
ဒီသာယာမှုတွေက လူတွေကိုပျော်စေတယ်။
နောက် prosperity ချမ်းသာကြွယ်ဝမှုတွေကလဲ
စိတ်ရဲ့လိုရာ ရွေးချယ်စရာတွေကို
စိတ်ကြိုက်ရွေးချယ်လို့ရတဲ့အတွက်
လူတွေကို ပျော်စေတယ်။
နောက်တစ်ခုကတော့ philosophy အတွေးအခေါ်ပညာ။
လူတွေအများဆုံးနေတဲ့အိမ်က
ကိုယ့်ရဲ့ အတွေးပဲ။
ဒီအတွေးတဲ့ပုံစံ အတွေးအခေါ်ကလဲ
လူတွေကို ပျော်စေတယ်။
ဂရိဘာသာစကားအရ
philo ဆိုတာချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်
sophos ဆိုတာ ဥာဏ်ပညာတဲ့။
လူတွေဘဝ နေပျော်၊ နေတော်ဖို့
အတွေးအခေါ်တွေနဲ့ ဓာတ်ပြုကြည့်ဖို့
blog တွေရေးဖြစ်သွားတယ်။
Phyo Paing @ Derek