Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့ လကုန်တဲ့နေ့ဆိုတော့

ပိတ်ထားရတဲ့လုပ်ငန်းတွေ
လည်ပတ်သင့်သလောက်မလည်ပတ်တဲ့
လုပ်ငန်းတွေအနေနဲ့ operating expenses ကို
ကြည့်ပြီး စိတ်ညစ်နေနိုင်တယ်။

တော်တဲ့ဝန်ထမ်းတွေ မထွက်သွားဖို့အတွက်ကလဲ
လစာပေးထားရတာ၊ မြေနေရာအငှားစရိတ်
ပေးထားရတာတွေရှိတဲ့အတွက် ဝန်ထမ်းများလေလေ၊
ကုန်ကျစရိတ်ပိုများလေလေဖြစ်ပြီး
စိတ်ညစ်နေနိုင်တယ်။

ဝန်ထမ်း ၁၅ ယောက်အောက် လုပ်ငန်းတွေ
အနေနဲ့ operating expenses cover ဖြစ်ဖို့
online က အလွယ်တကူလုပ်လို့ရပေမယ့်
ဝန်ထမ်းများတဲ့လုပ်ငန်းတွေမှာတော့
ပြောသလောက်မလွယ်ပါဘူး။

Online က ရောင်းဝယ်ဖောက်ကားလို့ရတဲ့
လုပ်ငန်းတွေအတွက်က ဒီကာလမှာ
ကြော်ငြာတွေ အလုပ်အရမ်းဖြစ်တာမျိုး
ဖြစ်နိုင်ပါတယ်။
အကြောင်းကတော့ တကယ့် traffic များတဲ့
influencer အများစုက ဘာမှ မတင်တဲ့အတွက်
ကြော်ငြာတွေအတွက်
attention ပိုရတဲ့သဘောဖြစ်ပါတယ်။

လက်ရှိမှာ Covid-19 third wave နဲ့
coup အပြင် cash ပြဿနာတွေကြောင့်
လူတွေကြုံတွေ့နေတဲ့ ပြဿနာတွေပြောင်းသွားပါတယ်။
ဒီ ပြောင်းလဲသွားတဲ့ needs/ want တွေအတွက်
ကိုယ့်လုပ်ငန်းက ပေးနေတဲ့ ဝန်ဆောင်မှုနဲ့
ထုတ်ကုန်ကို ပြန်လည် ဆန်းစစ်ပြုပြင်ဖို့
လိုပါလိမ့်မယ်။

လုပ်ငန်းရှင်တွေအတွက် အရေးအကြီးဆုံးက
စိတ်ဓာတ်ပါ။
လုပ်ငန်းတစ်ခုလုပ်ကိုင်တယ်ဆိုတာ
ကောင်းတဲ့အချိန်၊ ဆိုးတဲ့အချိန်ရှိပြီး
ဘယ်အခြေအနေဖြစ်ဖြစ်
အကောင်းဆုံးအနိုင်ယူနိုင်ဖို့
စိတ်ဓာတ်ခွန်အားကိုယ့်ကိုကိုယ်
အမြဲဖြည့်နေဖို့လိုအပ်ပါတယ်။

ကုန်ကျစရိတ် ပြဿနာတစ်ခုတည်းကို
အာရုံမစိုက်ပါနဲ့။
ရည်မှန်းချက်ပန်းတိုင်အသစ် ချမှတ်ပါ။
ချမှတ်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချရေးပါ။
ဝန်ထမ်းအကုန်လုံးသိအောင် ပြောပါ။
နေ့တိုင်း ဒီရည်မှန်းချက်ပန်းတိုင်ကို remind လုပ်ပါ။

စိတ်ဓာတ်စွမ်းအားရဲ့ power ကိုလျှော့မတွက်ပါနဲ့။

Phyo Paing @ Derek

Share Your Idea!​