Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကို ဘယ်လိုပုံစံတွေက
တွန်းအားပေးလဲသိရမယ်။

ဆုပေးတာကို ကြိုက်လို့၊
ဒဏ်ပေးတာကို ကြောက်လို့
နိုးကြားပြီးလုပ်တဲ့ မော်တီဗေးရှင်းရှိတယ်။
စာကျက်လို့ရရင် မုန့်ကျွေးမယ်။
အရောင်းတားဂတ်ထိရင် ဘောနပ်ရမယ်။

နောက် ကိုယ်လုပ်တဲ့အလုပ်ကိုကြိုက်တဲ့အတွက်
ချစ်တဲ့အတွက်၊ မျက်နိုးတဲ့အတွက်၊
စိတ်ဝင်စားတဲ့အတွက်၊ ရူးသွပ်တဲ့အတွက်၊
စိတ်ကျေနပ်မှုရစေတဲ့အတွက်
နိုးကြားတက်ကြွစွာလုပ်ဆောင်တဲ့
မော်တီဗေးရှင်းရှိတယ်။

အဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်ရတဲ့အတွက်
ဂုဏ်ယူမှု၊ တက်ကြွမှုဖြစ်တဲ့
မော်တီဗေးရှင်းရှိတယ်။

ရည်မှန်းချက်ပန်းတိုင်ချလိုက်
ဖြစ်အောင်လုပ်လိုက်
ဒီခံစားချက်ကို ကြိုက်တဲ့အတွက်ဖြစ်တဲ့
မော်တီဗေးရှင်းရှိတယ်။

အာဏာပါဝါရချင်တာ၊
ကိုယ့်ကို နှိမ်ခဲ့သူတွေကို ပညာပြန်ပြချင်တဲ့အတွက်
ငါဘာကွဆိုတာ ပြချင်တဲ့အတွက်
အလုပ်တွေကြိုးစား၊ ပိုက်ဆံတွေရှာ
ဒီလိုမော်တီဗေးရှင်းရှိတယ်။

ကြောက်စိတ်ကြောင့်၊
အကျပ်ကိုင်ခံရလို့ မလုပ်ချင်ပဲ
လုပ်ရတဲ့ မော်တီဗေးရှင်းရှိတယ်။

မော်တီဗေးရှင်းဆိုတာ ရည်မှန်းချက်တစ်ခုရောက်ဖို့
စတင်လုပ်ဆောင်ဖို့ဖြစ်ဖြစ်
လုပ်ရပ်တစ်ခုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ဖြစ်
လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာလှုံဆောင်မှုတစ်ခုဖြစ်တယ်။

ကိုယ့်ကို ဘယ်လိုပုံစံတွေက
တွန်းအားပေးလဲသိရမယ်။

“There are motivations that arise from liking to be rewarded and fearing to be punished. For instance, promising a treat if one studies hard, or giving a bonus for reaching a sales target.

Then there are motivations that arise from loving the work you do, for passion, for fascination, for the joy it brings, and for the satisfaction it offers, leading to an active and enthusiastic engagement in the task.

There’s also motivation related to being part of an organization, driven by pride, enthusiasm, and a sense of belonging.

Motivations exist for striving to achieve set goals, for the love of the feeling it brings when those goals are achieved.

There are motivations for power and influence, for showing those who underestimated you what you are capable of, for working hard and earning money for these reasons.

And there are motivations that arise from fear, from being forced into a corner, making one engage in activities reluctantly.

Motivation is a psychological tool necessary to start an activity towards a goal, whether it’s to begin something new or to sustain an ongoing action.

It’s essential to understand what forms of motivation drive an individual.”

Phyo Paing @ Derek

Share Your Idea!​