ငွေကိုငွေနဲ့ရှာတာနဲ့
ငွေကို လုပ်အားနဲ့ရှာတာ
ပြန်ရတဲ့ အမြတ်မတူကြဘူး။
တချို့က ငွေမရှိရင်
ဘာလုပ်လို့ရမှာလဲစဥ်းစားကြတယ်။
ဒီနေ့ခေတ် ဒီမိုကရေစီမှာ
အရင်းရှင်စနစ် Capitalism ခေတ်မှာ
ဒီငွေနဲ့ လူအားအသုံးပြုပြီး
ဝင်ငွေများများပိုရှာနိုင်အောင်
စွန့်ဦးတီထွင်တွေက လုပ်ဆောင်ကြတယ်။
ငွေအားနဲ့ ချမ်းသာကြွယ်ဝမှုမတူဘူးတဲ့။
Capital ငွေမှာ မြေမပါဘူးတဲ့။
Wealth ကြွယ်ဝမှုမှာ မြေပါတယ်။
ဒီနှစ်ခုရဲ့ ပြန်ရနိုင်တဲ့နှုန်းထွက်တဲ့အခါ
၁။ နှစ်စဥ်ပြန်ရှာပေးနိုင်စွမ်း
၂။ အရင်းကျေမှတ်
၃။ စျေးတက်ခြင်း ဒါတွေနဲ့တွက်တယ်။
အရိုးရှင်းဆုံးစဥ်းစားကြည့်တဲ့အနေနဲ့
ကွန်ဒိုတစ်လုံးဝယ်လိုက်တယ်။
သိန်း ငါးထောင်ကျတယ်ဆိုပါစို့။
ပြန်ငှားလို့ တစ်လ ၁၅ သိန်း
တစ်နှစ် သိန်း ၁၈၀ ကျမယ်။
ဒါဆို ၅၀၀၀ ပြည့်ဖို့
ခန့်မှန်းခြေ နှစ်သုံးဆယ်လောက်ရှိမယ်။
ဒီကြားထဲမှာ ငှားမထွက်တဲ့လတွေရှိနိုင်သလို
စျေးကျသွားတာတွေလဲရှိနိုင်မယ်။
ငွေကြေးဖောင်းပွမှုများတဲ့နေရာမှာတော့
စျေးတက်သွားတာတွေ၊
အခန်းခအပြောင်းအလဲတွေလဲရှိမယ်။
သူ့မှာ ရှုံးနိုင်တဲ့အန္တရာယ်နည်းသလို
အမြတ်လဲနည်းတယ်။
စီးပွားရေးလုပ်ငန်းမှာကျတော့
အရှုံးအမြတ်ရှိသလို
ကျွမ်းကျင်မှုမရှိရင်လဲ အကုန်ပြုတ်သွားနိုင်တယ်။
ကျွမ်းကျင်ရင် နှစ်စဥ်အမြတ်ငွေအပြင်
ရှယ်ယာတန်ဖိုးတစ်ခုရှိမယ်။
ဥပမာ သိန်း ၅၀၀၀ ရင်းမယ်။
တစ်လ သိန်း ၂၀၀ မြတ်မယ်။
ဝန်ထမ်းတွေနဲ့ တခြားကုန်ကျစရိတ်တွေအတွက်
သိန်း ၁၂၀ ကုန်မယ်။
တစ်လ သိန်း ၈၀၊ ခန့်မှန်းခြေ တစ်နှစ် ၉၆၀။
ဆက်လက်တိုးတက်နေမယ်ဆိုရင်
အရင်းကျေမှတ်ငါးနှစ်ဖြစ်နိုင်တယ်။
အရေးအကြီးဆုံးက
ဒီ လူနဲ့ ငွေ (Capital နဲ့ Labour) ကိုအသုံးချတဲ့
စွန့်ဦးတီထွင် (Entrepreneur) ရဲ့
အစွမ်းအစဖြစ်သွားတယ်။
စွန့်ဦးတီထွင်လုပ်ငန်းရှင်ရဲ့အဓိကတာဝန်က
စျေးကွက်ပြဿနာကို
ငွေနဲ့ လူအရင်းအမြစ်တွေသုံးပြီး
တခြားသူတွေထက် အကောင်းဆုံး
ဖြေရှင်းနိုင်တာဖြစ်တယ်။
ဆံပင်ညပ်ဆိုင်ကို တစ်ဆိုင်က
ဆိုင် ငါးဆယ်၊ တစ်ရာချဲ့နိုင်တာကစလို့
နည်းပညာလုပ်ငန်းကို
လူထောင်၊ သောင်း၊ သိန်း၊ သန်းများစွာ
သုံးအောင်လုပ်နိုင်တာလဲဖြစ်မယ်။
ဒီလူနဲ့ ငွေကို စီမံခန့်ခွဲနိုင်ဖို့
တွေးတဲ့ခေါ်တဲ့ ပုံစံ၊
လုပ်ကိုင်တဲ့ပုံစံ၊
အတွေး၊ အကြံ၊ အလုပ် အရေးကြီးတယ်။
Earning money through investment and earning money through labor yields different profits.
Some people wonder what they can do without money.
In today’s democratic and capitalist era, people invest money and utilize labor to generate higher income through innovation.
Wealth from capital and wealth from affluence are not the same. Capital does not include land, whereas wealth does.
When comparing the returns from these two, we consider:
The annual return capability,
The principal amount,
Market appreciation.
For a simple example, let’s say you buy a condo for 5,000 lakhs. Renting it out could yield 15 lakhs per month, totaling 180 lakhs a year. So, it would take about 30 years to recoup the 5,000 lakhs investment. This doesn’t account for potential vacancies or market downturns. In an inflationary environment, there might be price increases or changes in rental fees. The risk of loss is lower, but the profits are also less.
In business, there’s both risk and profit, and without expertise, one could lose everything. With expertise, in addition to the profit, there is also the value of the business shares. For instance, with a principal of 5,000 lakhs, one might profit 200 lakhs per month. After deducting 120 lakhs for employee salaries and other expenses, the net monthly profit could be 80 lakhs, estimating about 960 lakhs per year. If the business continues to grow, the principal could be recovered in five years.
The most important aspect is how the entrepreneur (who uses both capital and labor) innovatively manages these resources.
The main responsibility of an entrepreneur is to use money and human resources to solve market problems more effectively than others.
Like expanding a hair salon from one to fifty or a hundred branches, a tech business can scale to thousands, hundreds of thousands, or even millions.
The way one thinks, works, ideas, plans, and actions in managing money and labor is crucial.
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay