Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ငပျင်းတွေက စာဖတ်ကြတယ်

ငပျင်းတွေက စာဖတ်ကြတယ်။

စာဆိုတဲ့နေရာမှာ
တကယ့်အဖြစ်အပျက်မဟုတ်ပဲ
စာရေးသူရဲ့စိတ်ကူးစိတ်သန်းတွေ
ကွန့်မြူးရေးသားဖော်ကျူးထားတဲ့
ရသ စာပေတွေရှိတယ်။
ဥပမာ ဝတ္ထု၊ ကဗျာ။

တကယ့်အဖြစ်အပျက်၊ လူအစစ်၊
အခြေအနေအစစ်အပေါ်အခြေခံပြီး
ရေးသားထားတဲ့ သမိုင်း၊
အတွေးအမြင်တွေအပြင်၊
ရသစာအုပ်မဟုတ်တဲ့ထဲမှာ
သုတစာပေတွေပါတယ်။

ဒီ ရသနဲ့ သုတထဲမှာ
မျိုးကွဲ genre တွေအများကြီးရှိပြန်တယ်။

သာမှန်အများစုသိထားတဲ့ တက်ကျမ်းဆိုတဲ့
Self-help မှာ ကို
အသုံးချစိတ်ပညာ၊ စွမ်းဆောင်ရည်မြင့်တင်ခြင်း၊
ကျန်းမာရေး၊ အချစ်ရေး၊ စိတ်ငြိမ်းချမ်းရေး
အများကြီး ပြန်ရှိသွားမယ်။

စာတစ်အုပ်ဖတ်တော့မယ်ဆိုရင်
ရည်ရွယ်ချက် အမျိုးမျိုးရှိကြတယ်။

ဖျော်ဖြည်ရေးအတွက် ဖတ်တာရှိမယ်။
အကြောင်းအရာတစ်ခုကို သိချင်လို့ဖတ်တာရှိမယ်။
ပြဿနာ တစ်ခုကို အဖြေရှာချင်လို့ဖတ်တာရှိမယ်။

လူတစ်ယောက်ရဲ့ တွေးတဲ့
စိတ်ကူးစိတ်သန်းတွေကိုလေ့လာချင်ရင်
ရသ စာပေဖတ်မယ်။
မြန်မာပြည်မှာဆို ဆရာကြီးပီမိုးနင်းအနေနဲ့
ရသ၊ သုတ နှစ်ခုစလုံးကို
မတူညီတဲ့ ကလောင်နာမည်နဲ့ ရေးခဲ့တယ်။

ကိုယ်လိုချင်တဲ့အရာ မပိုင်ဆိုင်သေးဘူး၊
မရသေးဘူးဆိုတာ
မေးခွန်းအတွက် မဖြေမရှိသေးတာဖြစ်တယ်။​
ဒါကို အဖြေရှာဖို့က
ကိုယ်တိုင်လိုက်ရှာနေလို့ရသလို
လူတွေတွေ့ရှိထားတဲ့ အချက်အလက်တွေပေါ်မှာ
ထပ်ဆင့်တိုးတက်အောင် လုပ်သွားလို့ရတယ်။​

ကိုယ်က ဓာတုဗေဒကို စိတ်ဝင်စားရင်
ဒြပ်စင် တွေကို အစကရှာဖွေနေစရာမလိုသလို
စွန့်ဦးတီထွင်မှု၊ စီမံခန့်ခွဲမှု၊
မားကတ်တင်း၊ ငွေကြေးစီမံခန့်ခွဲမှု၊
ကျန်းမာရေး၊ လူမှုပေါင်းသင်းရေး
ဒါတွေအတွက်လဲ အဖြေရှာမယ်ဆိုရင်
စာအုပ်စာပေတွေထဲမှာရှိတယ်။

လူတစ်ယောက်က ဘယ်နေရာမှာ
ရောက်နေနေ စာဖတ်တယ်၊
စဥ်းစားတယ်၊ အဖြေရှာတယ်၊
လုပ်ဆောင်နေတယ်ဆိုတာ
သူဖြတ်လမ်းကို သိနေတာ။

လူတိုင်းမှာ အချိန်က ၂၄ နာရီပဲရှိတာ။
အလွန့်လွန်ဆုံးအလုပ်လုပ်နိုင် ၁၂ နာရီပေါ့။
ဒါပေမယ့် အခွင့်အလမ်းပေါ်မြင်တဲ့
အသိဥာဏ်နဲ့ အသုံးချမှုပေါ်မူတည်ပြီး
ဘဝတွေ ကွာသွားတယ်။

အသိဥာဏ်ရင့်သန်ပြီး၊
အသုံးချနိုင်အောင်
ငပျင်းအများစုက စာဖတ်ကြတယ်။

အလုပ်မဖြစ်ပဲ ထပ်ခါထပ်ခါလုပ်ရမှာကိုပျင်းတဲ့အတွက်
လူနဲ့တိရစ္ဆာန်ကို ကွာခြားစေတဲ့
ဦးနှောက်ကို အသုံးပြုပြီး
ဖြတ်လမ်းရှာကြတယ်။

ဒါကြောင့် ငပျင်းတွေက စာဖတ်ကြတယ်လို့
တင်စားပါရစေ။

Lazy people are known to read books.

In literature,
it’s not just about real events,
but about the imaginations and fantasies of authors,
resulting in narrative works such as novels and poems.
These book are categorized in fiction.

On the other hand, there are writings based on true events, real people, and actual situations,
including history and non-narrative books that offer knowledge and insights. These book are categorized in non-fiction.

Within these realms of narrative and knowledge,
a vast array of genres has evolved.

In popular self-help books,
topics like psychology, performance enhancement,
health, love, and peace of mind
are extensively covered.

People read books with various intentions.

Some read for entertainment.
Others to learn about a specific topic.
Or to find solutions to a problem.

To understand the thoughts and fantasies of others,
one might read narrative literature.
In Myanmar, the famous writer P Moe Hnin wrote under different pen names for both narrative and educational genres.

Not possessing or not yet achieving something
is simply an unanswered question.
To find answers,
one can search on their own, similar to exploring in chemistry,
or build upon existing knowledge and information.

If you’re interested in chemistry,
you don’t need to start by discovering elements, as they are already identified in the periodic table.
Similarly, in fields like innovation, management, marketing, financial management,
health, and social integration,
answers can be found in books.

Where a person is in life,
whether reading, thinking, finding answers, or acting,
reflects their chosen path.

Everyone has only 24 hours a day,
and at most 12 hours for productive work.
However, life diverges based on how one sees opportunities and uses intelligence.

With mature intelligence and the ability to use it effectively,
most lazy people turn to reading.

Tired of repetitive, unproductive tasks,
using the brain, which distinguishes humans from animals,
they seek new paths.

Therefore, it’s noteworthy that lazy people engage in reading.

Phyo Paing @ Derek

Share Your Idea!​