ကျွန်တော် ဆေးကျောင်းမှာ
သူငယ်ချင်းတစ်ယောက်ရှိတယ်။
နောက်ဆုံးတန်းမှာ သူနဲ့အမြဲထိုင်တယ်။
စာကြည့်တိုက်လုပ်ပြီး
လူတွေကို ပညာအလင်းဖွင့်ပေးတယ်။
ယုံကြည်ရာအတွက် ဘဝကိုစတေးတယ်။
သူယုံကြည်ရာအတွက် သူ့နောက်လိုက်တွေကို
“ပစ်မထားခဲ့ဘူး”။
တခါတလေ
လေးစားမှုဆိုတဲ့အရာက
အထူးလုပ်ယူနေလို့ရတဲ့အရာမဟုတ်ဘူး။
ပြဿနာတစ်ခုဖြစ်လာတဲ့အခါ
ဖန်တီးတဲ့သူတွေရှိတယ်။
တွန်းလှန်တဲ့သူတွေရှိတယ်။
ဘေးထိုင်ဘုပြောတဲ့သူတွေရှိတယ်။
ကြားထဲက အမြတ်ထုတ်သွားတဲ့သူတွေရှိတယ်။
ကြည့်စရာမျက်နှာတွေများတဲ့အတွက်
ရှေ့ဆက်နေရတဲ့သူတွေရှိတယ်။
ချနှင်းခံရတဲ့သူတွေရှိတယ်။
ကိုယ်ဘယ်နေရာပါမလဲ
လိပ်ပြာလုံဖို့လိုတယ်။
Phyo Paing @ Derek