Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ရှုထောင့်

ဘာသာရေးကို နားလည်ဖို့
ဘာသာရေးရှုထောင့်က ကြည့်သလို၊
စီးပွားရေးကို နားလည်ဖို့
စီးပွားရေးရှုထောင့်ကကြည့်တယ်။
သိပ္ပံပညာကို နားလည်ဖို့
သိပ္ပံပညာရှုထောင့်က ကြည့်တယ်။

မားကတ်တင်းသမားက
မားကတ်တင်းရှုထောင့်။
လုပ်ငန်းရှင်က လုပ်ငန်းရှင်ရှုထောင့်။

အငြင်းသန်နေတယ်ဆိုတာ
ရှုထောင့်ပြောင်း မစဥ်းစားတတ်တဲ့
သဘော အများကြီးပါနိုင်တယ်။

ကိုယ်နဲ့ ကိုက်တဲ့ ကိုယ့်ရှုထောင့်နဲ့
ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်
ပုံဖော်ကြတယ်။

တချို့ရှုထောင့်တွေက
ကြေကွဲစေတယ်။
တချို့ရှုထောင့်တွေက
ဝေခွဲမရဖြစ်စေတယ်။
တချို့ရှုထောင့်တွေက
အားရှိစေတယ်။
တချို့ရှုထောင့်တွေက
အဖျားပါ မိသွားစေနိုင်တယ်။

ဒီရှုထောင့်တွေ
ကမ္ဘာကြီးကို ကြည့်တဲ့ဖက်ခြမ်း၊
အဓိပ္ပာယ်ဖော်တဲ့ ပုံစံ
ကိုယ်နဲ့မကိုက်ရင်၊
ကိုယ်လိုချင်တဲ့ ပုံမဟုတ်ရင်
လူတိုင်းပြောင်းလို့ရနိုင်တယ်။

ကျွန်တော်တို့မှာ ဒီ ပါဝါရှိတယ်။

ကိုယ့်စိတ်ကိုပြောင်းနိုင်ရင်
ကိုယ့်ဘဝကြီးကို ပြောင်းနိုင်တယ်တဲ့။
ဒါကတော့ စိတ်ပညာဖခင်ကြီးဖြစ်တဲ့
ဝီလီယံဂျိမ်းက ဆိုခဲ့တာ။

“If you can change your mind, you can change your life.”
― William James

ကိုယ့်စိတ်ကိုပြောင်းနိုင်အောင်
ကျွန်တော်တို့ အတူကြိုးစားရအောင်။

Phyo Paing @ Derek

Share Your Idea!​