Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ငွေရှာမယ်ဆိုရင်

ဘယ်လို ငွေရှာမလဲ?

How to make money? တို့
How to get rich? တို့
Youtube မှာ ရိုက်ရှာဖူးကြလိမ့်မယ်။
Google မှာ ရှာဖူးကြလိမ့်မယ်။

ဒီနေ့ခေတ်က အရင် ဆယ်နှစ်ထက်
“နည်းပညာ အသုံးပြုတတ်ရင်”
ငွေရှာရ ပိုလွယ်ပြီး
အခွင့်အလမ်းပိုပေါတဲ့ ခေတ်ဆိုတာ
အားလုံးသိပြီးသားဖြစ်ပါမယ်။

Mobile Banking ရှိတယ်။
Social Media ရှိတယ်။
လူတိုင်းဖုန်းတွေသုံးနေတယ်။

သေချာတာတစ်ခုကတော့
သမာအာဇီဝနဲ့ ငွေရှာရင်တော့
“ရောင်း” ရမယ်။

ရောင်းဖို့ အတွက် ကုန်ပစ္စည်း၊
ဝန်ဆောင်မှု ရှိရမယ်။

ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ရောင်းချရဖို့
စျေးကွက်က လိုချင်တာ၊ လိုအပ်တာကိုသိရမယ်။

ဒီလို စျေးကွက်လိုချင်တာ၊
လိုအပ်တာကို သိဖို့
စျေးကွက် ပြဿနာကို သိရမယ်။

ဒါကြောင့် ငွေရှာမယ်ဆိုရင်
“စားသုံးသူ” နေရာက စဥ်းစားနေရာက
“ထုတ်လုပ်သူ” နေရာက
စတင်စဥ်းစားကြည့်ပါ။

ပြဿနာတွေပေါ် ပူပင်သောကရောက်နေတာထက်
စျေးကွက်မှာ ကြုံနေတဲ့ ပြဿနာတွေကို
ငါ ဘယ်လို ဖြေရှင်းပေးမလဲ စဥ်းစားကြည့်ပါ။

ဒါကြောင့် ငွေရှာမယ်ဆိုရင်
အတွေးပြောင်း စဥ်းစားကြည့်ပါ။

လူတွေ ကြုံတွေ့နေတဲ့ ပြဿနာကို
ကူညီဖြေရှင်းဖို့
ဘယ်လို ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ
ဖန်တီး၊ ဖြန့်ဖြူး၊ ရောင်းရ၊ ဝန်ဆောင်မှုပေးရမလဲ။

Phyo Paing @ Derek

Share Your Idea!​