ကိုယ့်ကိုယ်သာ သုညကနေပြန်စဖို့
နေရာတစ်ခုမှာ ချလိုက်ရင်
ဘာစလုပ်မလဲ အကြိမ်ကြိမ်စဥ်းစားဖူးတယ်။
ပထမဆုံးလုပ်မှာကတော့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တစ်ခုခုကို
ရောင်းချတဲ့ “အရောင်း” လုပ်ငန်းလုပ်မယ်။
ရောင်းမှ ပိုက်ဆံဝင်မှာ။
တပြိုင်တည်း ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေအတွက်
ချက်ချင်းကြော်ငြာရေး၊
ချက်ချင်း ကြော်ငြာ၊
ချက်ချင်းရောင်းတဲ့ Direct Response Marketing (DRM) လုပ်မယ်။
ဒါကတော့ ချက်ချင်းရလဒ်တွေ့နိုင်တယ်။
တတိယအဆင့်က
ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်အတွက်
content ဖန်တီးပြီး expert power တည်ဆောက်မယ်။
အမှတ်တံဆိပ်တစ်ခု ဖြစ်အောင်လုပ်မယ်။
ဒီအဆင့်ကတော့ ရေရှည် plan ဖြစ်ပြီး
မြန်မာနိုင်ငံလိုမျိုးမှာ လအနည်းငယ်နဲ့ဖြစ်နိုင်ပြီး
တခြားပြိုင်ဆိုင်မှု ပြင်းထန်တဲ့နိုင်ငံတွေမှာ
သုံးလေးငါးနှစ် ကြာနိုင်တယ်။
ကိုယ်သာဆို ဘာလုပ်မလဲ။
Phyo Paing @ Derek