တကယ်မဟုတ်သေးတဲ့အရာတစ်ခုကို
စိတ်ကူးယဉ်တာဟာ လူတွေပိုင်ဆိုင်ထားတဲ့
အကြီးဆုံး super power တစ်ခုဖြစ်တယ်။
စိတ်ကူးယဉ်တဲ့အခါ ပုံဖော်ရတယ်။
ကိုယ်ဖြစ်တဲ့အရာတွေ၊ ပိုင်ဆိုင်ချင်တဲ့အရာတွေ
စိတ်ကူးယဉ်ပုံဖော်၊ ကြားယောင်၊ ခံစားတဲ့အခါ
မသိစိတ်က မှတ်တမ်းတင်ပေးတယ်။
ဒီစိတ်ကူးယဉ်ပုံဖော်တဲ့အပိုင်းကို
ဦးနှောက်ရဲ့ neocortex နဲ့ thalamus က
ထိန်ချုပ်ပြီး စိတ်ကူးယဉ်တဲ့ ပုံရိပ်
သတင်းအချက်အလက်ဟာ
nerve တွေ ကတစ်ဆင့်စီးဆင်းပြီး
dendritic connection တွေဖြစ်တယ်။
ဒီအဖြစ်အပျက်တစ်ခု အရင်ကလဲ
ဖြစ်ဖူးသလိုလိုပဲ၊ အိမ်မက်ထဲမှာထင်တယ်ဆိုတာ
Déjà vu လို့ခေါ်တယ်။
လိုချင်တာရဖို့ Law of attraction ဆိုတာရှိတယ်။
ကိုယ်လိုချင်တဲ့အရာတွေကို ပိုင်ဆိုင်ဖို့
ကိုယ့်ဖက်က ready ဖြစ်နေဖို့လိုတယ်။
Ready ဖြစ်နေဖို့အတွက် ကိုယ်ပိုင်ဆိုင်ချင်တဲ့
အရာကိုပိုင်ဆိုင်တဲ့အခါ ရှိတဲ့ feeling ကို
ကြိုတင်ခဲစားထားဖို့လိုတယ်။
ဥပမာ ကိုယ်က ပေါင် ၅၀ ချချင်တယ်ဆို
ဒီပေါင် ၅၀ ကျသွားတဲ့အခါ
နေလို့ထိုင်လို့ကောင်းပြီး
တက်ကြွလန်းဆန်းနေတဲ့ feeling ကို
creative visualization လုပ်ကြည့်ဖို့လိုတယ်။
Mind Power အရမ်းအရေးကြီးတယ်။
ဒီ စိတ်စွမ်းအားကို နှိုးဆွဖို့
စိတ်ကူးယဉ်ပုံဖော်ခြင်း အရေးကြီးတယ်။
Phyo Paing @ Derek