ဘဝကို အပူအပင်ကင်းကင်းနဲ့ဖြတ်ဖို့
ပြဿနာတွေနဲ့
ပျော်တတ်ဖို့လိုတယ်။
ဘဝမှာ မရှာပဲတွေ့မှာ
ပြဿနာပဲ။
အမြဲတွေ့မည့် ပြဿနာနဲ့
best friend သာဖြစ်နေမယ်ဆို
သူနဲ့တွေ့တိုင်း ပျော်နေမှာပဲ။
နေ့တိုင်း လူက အိုနေတာ၊
ဖျားနာတာ၊
ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိမယ်။
လိုတိုင်း မရတာ၊
ရတိုင်းလဲ မလိုချင်ပြန်တာ၊
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်။
ပြဿနာတွေကို ခံစားချက်တွေ
ရောထည့်လိုက်တဲ့အခါ
ဒုက္ခတွေ ဖြစ်လာတယ်။
ပြဿနာကနေ ဒုက္ခ
မဖြစ်လာဖို့
ခံစားချက်တွေကို
ခံယူချက်တွေနဲ့ အနိုင်ယူ
overwrite လုပ်ဖို့လိုလာတယ်။
ဒီတော့ ပြဿနာတွေနဲ့
best friend ဖြစ်အောင်လုပ်ထားခြင်းက
ပြဿနာကို ဒုက္ခတိုက်ရိုက်ဖြစ်မလာအောင်
ရာခိုင်နှုန်းတစ်ခု ကာကွယ်ပေးနိုင်လိမ့်မယ်။
Phyo Paing @ Derek