Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အမှိုက်ပစ်မခံနဲ့။

အမှိုက်ပစ်မခံနဲ့။

ဘဝမှာ လူတွေရဲ့ ဘဝအပေါ်
ဒေါသတွေ၊ သောကတွေ၊ လောဘတွေက
အမှိုက်အဖြစ်ပြောင်းပြီး
စကားလုံးတွေအနေနဲ့ပြောင်းပြီး
ကိုယ့်အပေါ် လာလာပစ်တတ်ကြတယ်။

တချို့လူတွေက မေတ္တာတရားကြီးမားတော့
အမှိုက်တွေကို မေတ္တာရေနဲ့ဆေးတယ်။
တချို့ကျတော့ သနားငဲ့ငြာပြီး
ဂရုဏာရေနဲ့ဆေးတယ်။
တချို့ကျတော့ ဥပက္ခာရေနဲ့ဆေးတယ်။
တချို့ကျတော့ ဘာရေနဲ့ ဆေးဆေး
ခဏခဏ လာပစ်တော့
မှတ်လောက်သားလောက်အောင်
အကြောက်တရားရေနဲ့ ဆေးပေးမှရတယ်။ 😀

ဒါကြောင့် ကိုယ်က သူတော်ကောင်း
မဟုတ်ရင်၊
ဘူတော်အပေါင်းကို
အမှိုက်ခဏခဏ လာအပစ်မခံပါနဲ့။

ရေနဲ့ မဆေးတတ်ရင် အမှိုက်ပုံကြီးဖြစ်နေတတ်တယ်
အားတီ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​