အာဏာ Power က ဘိန်းလိုပဲစွဲလန်းစေတဲ့အတွက်
အရသာတွေ့သွားရင် လူကိုပျက်စီးစေတတ်တဲ့အတွက်
လီကွမ်းယူလက်ထက်က သူဝန်ကြီးချုပ်ဖြစ်ပေမယ့်
သူ့ကလေးတွေပျက်စီးမှာစိုးလို့
ဝန်ကြီးချုပ်အိမ်ယာမှာမထားပဲ
သူ့မိန်းမနဲ့ကလေးတွေကို
အရင်အိမ်မှာပဲထားတယ်လို့ ဖတ်ဖူးတယ်။
Social Influencer တွေကိုလေ့လာကြည့်ရင်တောင်
လွန်းမိုးနိုင်တဲ့ influencing power များလာတာနဲ့အမျှ
စကားပြောပုံတောင် ပြောင်းလာတာ
အားလုံးအသိပဲ မဟုတ်လား။
စိတ်ပညာအရ မရှိသေးတဲ့အရာကိုသာ
စွန့်လွတ်ဖို့လွယ်ပေမယ့်
ရှိပြီးသားအရာကို စွန့်လွတ်ဖို့ခက်တယ်လို့ဆိုတယ်။
ဒီ Power ရယူလိုမှုကြောင့် ပြဿနာမျိုးစုံ
နောက်ကလိုက်လာတယ်။
ဒီ Power အရသာတွေ့သွားသူက ဒါမြဲဖို့
ဘာလုပ်ရလုပ်ရ ဝန်မလေးတော့ဘူး။
Phyo Paing @ Derek