လူအများစုနဲ့ မတူချင်ရင်
လူအများစုလုပ်နေတာ
လိုက်မလုပ်နဲ့။
ဒီအချက်က
တော်တော်အရေးကြီးတယ်။
ဘာကြောင့်လဲဆိုတော့
လူအများစုက ပျော်နေရင်အရေးမကြီးဘူး။
လူအများစုက တိုင်ပတ်နေရင်
ကိုယ်ပါ တိုင်ပတ်သွားမယ်။
တခြားသူတွေ လုပ်နေတာနဲ့မတူပဲ
ထူးခြားကွဲပြားဖို့
၁။ သူတို့စဥ်းစားတဲ့ ပုံစံကို
လေ့လာကြည့်။
စဥ်းစားတဲ့ပုံစံကို လေ့လာဖို့
အလွယ်ကူဆုံးက ပြောနေတဲ့
ပုံပြင်တွေ လေ့လာဖို့လိုတယ်။
ကောင်းတယ်။ ဆိုးတယ်။
ဘာလုပ်သင့်တယ်။
ဘာလုပ်မရဘူး။
ဒီပုံပြင်တွေက သူတို့ရဲ့
လောကအမြင်တွေက ဖြစ်လာတယ်။
၂။ သူတို့လိုချင်တဲ့အရာတွေကို
လေ့လာကြည့်။
ငွေကြေးလား၊ အသိအမှတ်ပြုမှုလား၊
အာဏာလား၊ လေးစားမှုလား၊
ဘာလိုချင်သလဲ။
၃။ ဘာကြောင့်လိုချင်သလဲပြန်မေးကြည့်။
ဒါလေးက နည်းနည်းတမျိုးဖြစ်လိမ့်မယ်။
သူတို့ ဘာကြောင့် ဒီအရာတွေကိုလိုချင်သလဲ။
ပြဿနာဖြေရှင်းဖို့လား။
ကလဲ့စားခြေဖို့လား။
ငါဘာကောင်ဆိုတာ ပြဖို့လား။
ဒါမှမဟုတ် ပတ်ဝန်းကျင်နဲ့
မီဒီယာက ကလေးဘဝကတည်းက
ရိုက်သွင်းခဲ့တဲ့ အတွေးအခေါ်တွေကြောင့်လား။
၄။ သူတို့လိုချင်တာကို ဘယ်လိုရယူကြသလဲ။
လူတွေလိုချင်တာရဖို့ စဥ်းစားတဲ့
မဟာဗျူဟာဆိုပါတော့။
၅။ ပြဿနာကြုံရင် ဘယ်လိုတုန့်ပြန်သလဲ။
သူတို့လိုချင်တာရဖို့ လမ်းကြောင်းမှာ
အတားအဆီရှိတဲ့အခါ
ငြီးငြူလား၊ ဒါမှမဟုတ် အဖြေရှာလား၊
ကိုယ်နဲ့လုပ်ငန်းတူတွေကို
တိုက်ခိုက်သလား၊ ဟာသအနေနဲ့
လေးစားမှုလျော့အောင်လုပ်သလား။
လက်လျော့လိုက်သလား။
လျစ်လျူရှုလိုက်သလား။
ဒါက ပြဿနာဖြေရှင်းပုံကိုတွေ့လိမ့်မယ်။
၆။ သူတို့ဒီနေ့ထိရနေတဲ့
ဆွတ်ခူးခဲ့တဲ့အရာတွေကိုလေ့လာ။
ဒီနေ့ထိ ဘာတွေပိုင်ဆိုင်နေပြီလဲ။
ကျန်းမာရေး၊ ဝမ်းစာရေး၊ ဝမ်းသာရေး။
ဘယ်လိုနေသလဲ။
၇။ ဒီပေါ်မူတည်ပြီး
ကိုယ့်ရဲ့စဥ်းစားတဲ့ပုံနဲ့ ကွာခြားချက်ကိုရှာ။
ကိုယ့်မှာ တင်ထားတဲ့ software ကို
update ပြန်လုပ်။
Phyo Paing @ Derek